အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။

Start from the beginning
                                    

"ရေခဲဝိညာဉ်.." လော့ယွီက ခဏတာ တိတ်တဆိတ် ရေရွတ်နေပြီးနောက် မေးလာသည်။

"ဒီအအေးဓာတ်ကို မင်းခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းပြီးရင် အအေးပိုင်းဆိုင်ရာ ယင်ဓာတ်ကျင့်စဉ်တွေကို ထပ်မလေ့ကျင့်သင့်ဘူးလို့ရော သူမက မပြောခဲ့ဖူးလား? အဲ့လိုလုပ်တာက မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်"

စုယန်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း တိုးဖွဖွ ပြောလာသည်။

"သူမ ပြောခဲ့ပါတယ်..."

လော့ယွီက ဒေါသတကြီး နှာမှုတ်လိုက်ပြီး ဆို၏။

"ဒါဆို မင်းကိုယ်တိုင်က သေမင်းကို လက်ယက်ခေါ်နေတာပဲ! ချင်းဟန်ကျောင်းရဲ့ ကျင့်စဉ်တွေကို လေ့ကျင့်ပြီးတာတောင် 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို လေ့ကျင့်ဝံ့သေး‌တယ်!"

စုယန်က လော့ယွီ၏အကြည့်ကို ရှောင်ကာ မျက်လွှာချထားလိုက်သည်။

"အဲဒီတုန်းက ကျွန်တော်က 'မရဏပန်းခြောက်ပွင့်' နဲ့ 'ရေခဲကိုးလွှာပွင့်လန်းခြင်း'ကို ကျွမ်းကျင်ပြီးနေပြီ။ ရှစ်ကျဲရဲ့ အဆိုအရ ‌အအေးပိုင်းဆိုင်ရာကျင့်စဉ်တွေကို ထပ်လေ့ကျင့်မယ်ဆိုရင် သက်တမ်းကို ထိခိုက်စေလိမ့်မယ်လို့ပဲ ပြောခဲ့တာ။ ဘယ်လောက်ထိ ပြင်းထန်မယ် ဆိုတာကိုတော့ သူမ မပြောခဲ့ဘူး.."

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

"ဒါ့အပြင် ကျွန်တော်သာ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကို မလေ့ကျင့်ခဲ့ဖူးဆိုရင် ကုဖေးတိရဲ့ ကူအဆိပ်ကို လွှဲပြောင်းယူပေးနိုင်မှာမဟုတ်ဘူး"

လော့ယွီသည် 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ လုပ်ဆောင်ချက်များကို သိထားသောကြောင့် ထိုစကားကို နားလည်သည်။

ထိုအချိန်က စုယန်မှာ အခြားရွေးချယ်စရာမရှိခဲ့ပါချေ။

သို့သော် သူ ဒေါသတကြီး အံကြိတ်မိဆဲဖြစ်၏။

" 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို အပြစ်အနာအဆာ ကင်းတယ်လို့ ထင်နေတာလား? အဲဒါက ကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိပြီး လုံးဝ မပြည့်စုံဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခိုးယူခံခဲ့ရပြီး အရေးပေါ် အခြေအနေတွေကျရင် သုံးနိုင်ဖို့အတွက်သာ ပြန်ပြုပြင်မွမ်းမံထားတာ။ မဟုတ်ရင် အဲဒါကို ဘယ်တံဆိပ်ခတ်ထားပါ့မလဲ? မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရေခဲဝိညာဉ် မရှိရင်တောင် 'ကြက်သွေးနီညှိုးနွမ်းခြင်း'က မင်းရဲ့ မယ်ရီဒီယန်တွေကို ထိခိုက်စေအုံးမှာပဲ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now