လူတိုင်း : "....."

အကုန်လုံးသွေးတတ်သေတော့မလိုကိုခံစားလိုက်ရသည်။ ဒီကချေသည်ကောင်လေးက လွန်စွာအတင့်ရဲလွန်းသည့်အပြင် ပိုအရေးကြီးဆုံးက ဧကရာဇ်မင်းကိုယ်တိုင်၎င်းကိုနှစ်ခြိုက်ကျေနပ်နေသည့်ဟန်ပင်။ ဘယ်သူကရော အတင့်ရဲစွာဖြင့် ဧကရာဇ်မင်း၏ပေါင်ပေါ်သို့တတ်ထိုင်ရဲပါမည်နည်း။

ဧကရီကိုကြည့်လိုက်တော့လည်း ဝမ်းနည်းဆို့နင့်နေဖို့နေနေသာသာ သူ့ဟာနဲ့သူတောင် မျိုစို့....အဟွတ်....စားလို့သောက်လို့ ကောင်းနေဆဲပင်။

လူတွေကြားထဲရှိ ဇာတ်လိုက်မ ရွှယ်ရင်းရင်းဟာ ဧကရာဇ်မင်းနဲ့သူစိမ်းအမျိုးသား၏ နီးကပ်နေပုံကိုကြည့်ရင်းဒေါသတကြီးအံကြိတ်လိုက်သည်။ ဒါပေမယ့်သူမစိတ်ကိုသူမပြန်လည်ထိန်းချုပ်လိုက်သည်။ အနည်းဆုံးတော့ ဝမ်ဧကရာဇ်က ဟိုမိန်းမပျက်တစ်ယောက်တည်းအပေါ်တွင်သစ္စာရှိရှိပေါင်းသင်းတာမျိုးမဟုတ်ပဲ တစ်ခြားလူတစ်ယောက်နှင့်လည်း သာယာနိုင်ကြောင်းသိလိုက်ရသည်မဟုတ်ပါလား။

သူမက အရင်ကလို စိတ်ခုတိုင်းဝုန်းဒိုင်းကြဲနေကျ မိန်းကလေးတစ်ယောက်မဟုတ်တော့ပေ။ သူမလုပ်ရပ်တွေမှာ လုံးဝမှားယွင်းခြင်းမရှိဟုယုံကြည်နေဆဲဖြစ်သော်ငြားလည်း သူမရဲ့စိတ်ဝိဥာဥ်နဲ့နှလုံးသားကတော့ မည်းနက်သွားတာကြာခဲ့ပြီဖြစ်သည်။

ရှောင်ကျန့်က သူ့ယောက်ျားကို ကျေကျေနပ်နပ်ကြီးကလူပြီးနောက်တွင် တစ်ခြားလူတွေနဲ့ခံစားချက်အမျိုးမျိုးနဲ့အကြည့်တွေကိုဂရုစိုက်ခြင်းမရှိပဲ ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်မှ ထရပ်လိုက်သည်။

ဝမ်ရိပေါ်၏နှမြောတသ ဖြစ်နေသည့်မျက်နှာကြီးကို သဘောကျစွာကြည့်ရင်း မျက်လုံးတစ်ဖက်မှိတ်ပြလျက် ပုလ္လင်အောက်သို့ဆင်းသက်လိုက်သည်။ သီချင်းသံစဥ်က မပြီးဆုံး သေးပေ။ ရှောင်ကျန့်ရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီနှင့်ကခုန်ပုံက လူတိုင်းရဲ့ရင်ကိုတစ်လှပ်လှပ်ခုန်လှုပ်သွားစေခဲ့သည်။ ၎င်းကလှပလွန်းသည်။

စင်မြင့်အလည်သို့ပြန်တတ်သွားပြီးနောက်တွင် ရှောင်ကျန့်ရဲ့မျက်လုံးလှလှလေးတွေမှာ မတော်တဆပုံစံမျိုးဖြင့်ရွှယ်ရင်းရင်းရှိရာနေရာသို့စိုက်စိုက်မြိုက်မြိုက်ရောက်ရှိသွားသည်။ သူ့အပြုံးလေးတွေမှာပိုမိုပီပြင်လာ၏။

system 091 Where stories live. Discover now