Part-15

89 20 0
                                    

မျက်နှာပေါ်သို့ နေကျလာတာကြောင့် မထချင်ထချင်ဖြင့် ထရတော့သည်။ လေပြည် မျက်လုံးကို အသာအယာ
ပွတ်ပြီး နာရီကြည့်တော့ နာရီလက်တံမှာ ၉ ခွဲ နေပြီ
ဖြစ်သည်။ လေပြည် အခန်းထဲမှ ထွက်ပြီး အိမ်ထဲဠ်
မာမားကို လှည့်လည်ကြည့်ရာ စားပွဲပေါ်ဠ် စာတစောင်သာတွေ့သည်။

"လေပြည် ရေ မာမားအရေးကြီးအလုပ်ကိစ္စတခုပေါ်လာလို့ ညကတည်းက ခရီးသွားပြီ ၃ ရက်လောက်တော့ကြာ
မယ်ထင်တယ် သမီး သုံးဖို့ပိုက်ဆံကို ဗီရိုထဲမှာ ထည့်ခဲ့ပေးတယ် လိမ်လိမ်မာမာနေနော် သမီး"

အိမ်တွင် အမြဲလိုလိုတယောက်တည်းကျန်နေရသည်က အထူးအဆန်းတော့မဟုတ်ပေ။ ထိုစာရွက်အား ယူ၍ ဘူးတဘူးထဲပစ်ထည့်လိုက်သည်။ ထိုဘူးထဲတွင်လဲ ထိုသို့
သော အမှာစာရွက်အပိုင်းအစများစွာ...

ထို့နောက် လေပြည်လဲ မနက်စာမှာစားပြီး ရုပ်ရှင်ကြည့်နေသည်။ ရုပ်ရှင်ကြည့်နေရင်း မ ဘာလုပ်နေလဲ ဆိုတာသိ
ချင်သည့်စိတ်ကြောင့် ဖုန်းဆက်လိုက်သည် တခါလဲမကိုင်၊ ၂ခါလဲမကိုင်တာကြောင့် မ မအားဘူးထင်၍
ဆက်မခေါ်တော့ပါ။

မိနစ်အနည်းငယ်အကြာမှာ မ စီမှဖုန်းဝင်လာသည်။
"ဟယ်လို ကလေး ဖုန်းဆက်ထားလို့"
"ဟုတ်တယ် မ "
"ဘာဖြစ်လို့လဲ ကလေး"
"ဘာရယ်မဟုတ်ပါဘူး ဒီတိုင်း အိမ်မှာ
တယောက်တည်းမလို့"
"အန်တီရော"
"ခရီးသွားတယ် မနေ့ညကတည်းက ၃ ရက်လောက်ကြာမယ်တဲ့"
"ဟုတ်လား မ လာခဲ့မယ်လေ နေ့လည်ကျ"
"အလုပ်ရှိတယ်မဟုတ်လား ညနေမှပဲလာပါ မ ရဲ့"
"ရတယ် လက်ထောက်ကို လွှဲခဲ့မယ် တရက်တလေးပဲကို"
"အငိးပါ" မ အဆင်ပြေရင်ပြီးတာပါပဲ"
"ရေချိုးပြီးပြင်ဆင်ထား နေ့လည်စာသွားစားကြမယ်နော်"
"ဟုတ်ကဲ့ပါဗျ"
"လိမ္မာလိုက်တာ မ ကလေးလေးက"
"ဟီး"
"အဲ့ဆို ဒါပဲနော် မ ဒီမှာ အလုပ်တွေလက်စသတ်လိုက်
ဦးမယ်"
"ဟုတ်ကဲ့ တ့တာ မ"

တီတီတီ~~
ဖုန်းကျသွားသည်တိုင် လေပြည်တယောက် ပြုံးစိပြုံးစိ
ဖြစ်နေသည်။

လေပြည်လဲ ဝတ္ထုခဏထိုင်ဖတ်ပြီးနောက် ရေမိုးချိုး
ပြင်ဆင်ပြီး မ အလာကို ထိုင်စောင့်နေသည်။

"ကလေး မ ရောက်ပြီနော်"
"ဟုတ် လာပြီ မ"

အိမ်တံခါးသေချာပိတ်ပြီး ထွက်လာသောကလေးမှာ
ခါတိုင်းထက်ပိုချစ်စရာကောင်းသည်မှာ အမှန်ပင်။
ကာကို(cargo pant) နဲ့ အမဲရောင် pullover လေးဝတ်ထားသည်မှာ ကလေးနဲ့ အလွန်ပင်ဖက်ရှင်ကျလှသည်။ တခြားသူတွေအမြင်မှာတော့ ခပ်မိုက်မိုက်စတိုင်ကျတဲ့
ကောင်မလေးလို့ မြင်ပေမယ့် မ အမြင်မှာတော့
အလွန်ပင်ချစ်စရာကောင်းလှသည်။

လေပြည် (The Breeze ) Where stories live. Discover now