Part-8

324 24 0
                                    

"ကလေး မ ကို လာခေါ်တာလားဟင်"
"မ ကို မခေါ်လို့ ဘယ်သူ့ကို လာခေါ်ရမှာလဲ ဘာလို့ အဲ့လောက်မူးအောင် သောက်ထားရတာလဲ"
"ကလေးမှ မ ကို ပြန်မချစ်တာ အဲ့တော့ အသည်းကွဲပြီး သောက်တာပေါ့"
"မ ကလဲကွာ ပြန်မချစ်တာမှ မဟုတ်တာ စဉ်းစားဦးမယ်လို့ ပြောတာလေ"
"ဘာပဲဖြစ်ဖြစ်လေ"

စကားနိုင်သာလုနေတာ လူက ယိုင်ထိုးပြီး မလဲကျရုံတမယ်။

မ က ကျော်ဇောကို မြင်မြင်ချင်းပဲ ဘုကြည့်ကြည့်ပြီး မျက်နှာရှုံ့မဲ့နေလေသည်။

"ဒါနဲ့ သူက ဘယ်သူလဲ ကလေး"
"လေပြည့် သူငယ်ချင်း ကျော်ဇောတဲ့"
"အော် ဟုတ်လား"
"ဟုတ်"
"ကဲပါ လေပြည် မင်းရဲ့ မ ကို သေချာ ခေါ်သွားတော့နော်"
"ဟုတ် အမ"

လေပြည် လဲ မူးနေတဲ့ မ နဲ့ စကားနိုင်မလုချင်တော့တာကြောင့် ဘာမှ ထပ်မပြောတော့ပဲ ဝိုင်းထူကာ ကားဆီသို့ ခေါ်လာခဲ့လေတော့သည်။ မ ရဲ့ သူငယ်ချင်းကတော့ ဆိုင်မှာပဲ ကျန်ခဲ့လေသည်။

ကားဆီရောက်တော့ ကျော်ဇောက လေပြည့် ဘေးထိုင်ခုံတွင် ဝင်မည်အလုပ်

"မ ကလေး ဘေးမှာပဲ ထိုင်ချင်တယ်"

အလိုက်သိတဲ့ ကျော်ဇောက

"ငါအနောက်မှာ ထိုင်လိုက်မယ် လေပြည်"
အေးအေး"

မ ကို လေပြည့်ရဲ့ ဘေးတွင် နေရာယူစေပြီး ထိုင်ခုံခါးပတ်ပတ်ပေးဖို့ ခါးကို ညွှတ်လိုက်ပြီး မ ဘက်ကို လှည့်လိုက်တော့ မ ရဲ့ နှုတ်ခမ်းသားနဲ့ လေပြည့်ရဲ့ နှုတ်ခမ်းမှာ ထပ်တူကြလေသည်။ မ က လေပြည့်နှုတ်ခမ်းများကို အားသွန်ခွန်စိုက် စုပ်ယူလေပြီး အနမ်းကြမ်းများ ပေးနေတော့သည်။ မ နှုတ်ခမ်းမှာ ခါးသက်သက်အရသာနဲ့ ချိုမြိန်သော အနမ်းများ ပေါင်းစပ်ထားသလိုပင်။ လေပြည်လဲ အနောက်မှာ ကျော်ဇောရှိနေတာကြောင့်

"မ ကျော်ဇောရှိတယ်လေ"
"ဘာဖြစ်လဲ သူရှိတော့"
"မကောင်းဘူးလေ"
"မကောင်းလဲ နမ်းမှာပဲ"

လေပြည့်အထင်တော့ မ က ကျော်ဇောနဲ့ လေပြည့်ကို သဝန်တိုနေခြင်းပင်။ ဒါပေမယ့် ကျော်ဇောအကြောင်းကို သိတဲ့ လေပြည် ကတော့ ရီသာရီချင်တော့သည်။ ဘာလို့ဆို ကျော်ဇောက Uke လေးလေ။

မ က ပြောပြောဆိုဆိုဖြင့် လေပြည့်ရဲ့ အင်္ကျီစကို ဆွဲယူပြီး နှုတ်ခမ်းတို့ကို ကြမ်းတမ်းစွာ ထပ်မံနမ်းလေသည်။ လေပြည်လဲ ရှိသမျှအားနဲ့ မ ကို တွန်းထုတ်လိုက်မှပဲ လွှတ်မြှောက်တော့သည်။

"မ ဒီညတော့ လေပြည်နဲ့ပဲ လိုက်အိပ်တော့နော် မနက်ကြမှ ပြန်ပေါ့ "
"ဟုတ်ကဲ့ပါရှင်"

စကားအဆုံးမှာ ခေတ်လွန်း တစ်ယောက်ရဲ့ လူယုတ်မာအပြုံးကို လေပြည် မမြင်လိုက်ချေ။ 🌚

"ကျော်ဇော ငါနဲ့လိုက်ပေးတာ ကျေးဇူးတင်ပါတယ်နော်"
အေးပါ ရပါတယ်ဟယ်"
နောက်နေ့မှ မုန်းဝယ်ကျွေးမယ် တ့တာ"
နင့်စကားနင်မှတ်ထားနော် ပြီးရင် ဝယ်ကျွေး"
အေးပါ"
ပြီးတော့ လေပြည်"
အေး
အိပ်မက်လှလှမက်ပါစေလို့ ပြီးတော့ အရမ်းမောနေရင် ရေများများသောက်နော်
ဘာဖြစ်တယ် အေးအေး နင်သေတော့မယ် သွားတော့
အေးပါ"

#oo

လေပြည် (The Breeze ) Where stories live. Discover now