Part-3

383 30 0
                                    

တီ..တီ...တီ....(alarm မြည်သံ)

Alarm မြည်သံကြောင့် ကျွန်တော်လန့်နိုးသွားသည်။
ပထမဆုံးသင်တန်းတက်ရမယ့်နေ့ဖြစ်တဲ့အတွက် နောက်မကျစေလိုသည့်အတွက် ကျွန်တော်ရုတ်တရပ်ထထိုင်လိုက်ခြင်းကြောင့် ခေါင်းကမိုက်ခနဲ ဖြစ်သွားသည်။
ညကလဲ ညဉ့်နက်ထိအိပ်မပျော်တာကြောင့် ခေါင်းကမူးနောက်နောက်ဖြစ်နေသည်။

နံပတ်စိမ်းဖုန်းကောလ်တစ်ခုဝင်လာတာသည်။ နံပတ်စိမ်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် စိတ်ထဲတမျိုးဖြစ်နေတာနဲ့ ကျွန်တော်ကောက်ကိုင်လိုက်သည်။

"ဦး နိုးပြီလား?"

ကျွန်တော့်ကို ဦးလို့ခေါ်သည်မှာ ကျွန်တော့်စာဖတ်သူများနဲ့ အပ ကျန်သူမရှိခြင်းကြောင့် ကျွန်တော်စဉ်းစားနေသည်။ အသံကလဲ ကျွန်တော်ကြားဖူးသည့်အသံ...

"ဟယ်လို ဦးရေ "

​တစ်ဖက်က အသံထပ်ကြားရမှ ကျွန်တော်မှတ်မိသည်။ အော် ကျွန်တော်နဲ့ နာမည်တစ်လုံးတူတဲ့ အမျိုးသမီး၊ တနည်းအားဖြင့်ဆို ကျွန်တော့်အမျိုးသမီးလေးပေါ့ လို့ စိတ်ထဲက ပြောနေမိသည်။

"Sorry အမလွန်း ရုတ်တရပ်ဆိုတော့ အသံမမှတ်မိသလိုဖြစ်သွားတာ"
"မင်းက တို့အသံတောင်မမှတ်မိဘူးပေါ့"
"အဲ့လို မဟုတ်ပါဘူးဗျာ ရုတ်တရပ်မို့ပါ စိတ်မဆိုးပါနဲ့နော်"

ကျွန်တော်လဲ ဘာကြောင့်မှန်းမသိ အမလွန်းကို ချော့နေမိသည်။

"ရပါတယ် ဦးရယ် အမကစတာပါ"
"ဟုတ် sorry ပါနော်"
"ရပါတယ် ဒီနေ့က New Year နေ့မို့ သင်တန်းပိတ်တယ်လို့ ပြောဖို့ ဖုန်းဆက်လိုက်တာပါ ဦး"
"အော် အမလွန်းပြောမှပဲ သတိရတော့တယ် ဒီနေ့ New Year ဆိုတာ"
"အင်း ဦးဒီနေ့ဘယ်သွားစရာရှိသေးလဲ"
"ဟင့်အင်း သင်တန်းလဲပိတ်တယ်ဆိုတော့ အိမ်မှာပဲရှိနေမှာအမ ဒါပေမယ့် ညဘက်ကျရင်တော့ အမတွေနဲ့ အိမ်မှာမုန့်လုပ်စားဖို့ရှိတယ်"
"အော် ဟုတ်ပြီ"
"ဟုတ်"

စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် အမလွန်းစီမှ

"ဒီနေ့သွားစရာမရှိရင် အမနဲ့ အပြင်သွားရအောင်လေ"
"hmm ဘယ်ကိုလဲအမ"
​"ဒီနေ့က ကြာသပတေးနေ့ဆိုတော့ ရုပ်ရှင်သွားကြည့်ရအောင်"
"hmm ကြာသပတေးနဲ့ ရုပ်ရှင်ကြည့်တာနဲ့ ဘာဆိုင်လို့လဲ"
"ကြာသပတေးဆိုတော့ ရုံးဖွင့်ရက်ဆိုတော့ အတွဲတွေမပေါဘူးလေ အဲ့တော့ရုံထဲမှာ လူရှင်းတယ်"
"haha ဟုတ်ပြီ"
"အဲ့ဆို ညနေ၄နာရီလောက် အမလာခေါ်မယ်နော်"
"အမက ဦးအိမ်သိလို့လား?"
"သင်တန်းလာအပ်တုန်းက လိပ်စာပါတယ်လေ"
"အော် ဟုတ်ပြီ"
"အဲ့ဆို တ့တာနော် see you"
"ဟုတ် see you အမ"

လေပြည် (The Breeze ) Where stories live. Discover now