Part-11

379 24 0
                                    

ဒီနေ့ သင်တန်းရှိတာမို့ လေပြည့်တစ်ယောက်စောစောထပြီး ရေမိုးပြင်ဆင်ထားပြီး ထက် ဖုန်းအလာကို စောင့်နေလေသည်။ သို့သော် ထင်ထားသလို ထက် ဖုန်းဝင်မလာပါ။ ဒါနဲ့ပဲ လေပြည် မနေနိုင်ပဲ ထက်ဆီ ဖုန်းဆက်ကြည့်လိုက်လေသည်။

"Its you its always you, met a lot of people but I nobody feels lik you.." 🎶

"Hello"
"Hello ထက် ဘာလုပ်နေလဲ"
"ငါအခုမှ နိုးတာ"
"ထတော့လေ ဒီနေ့ သင်တန်းရှိတယ်လေ"
​"ဟုတ်လား ငါမေ့နေတာ ငါဒီနေ့မတက်တော့ဘူးဟာ"
"နင်ကလဲ တက်ပါ နေမကောင်းတာလဲ မဟုတ်ပဲနဲ့
ငါတစ်ယောက်တည်းမသွားချင်ဘူးဟာ"
"ငါတကယ် ခေါင်းကိုက်နေလို့ပါ ဒါပေမယ့်..."

ထက် တယောက်ဘာတွေတွေးနေလဲမသိ၊ ၁ မိနစ်လောက်တိတ်ဆိတ်သွားပြီးနောက်...

"လေပြည်"
"အေး ပြောလေ"
"ငါသင်တန်းတက်မယ် ငါ့လာခေါ်ပါလား"
"တကယ်နော်"
"တကယ်တက်မယ်"
"အိုခေ ဒါဆို ပြီးရင် ဖုန်းဆက်လိုက် ငါလာခဲ့မယ်"
"အင်း"

တကယ်တော့ ထက် ဒီနေ့ သင်တန်းမတက်ချင်ပါ။
ဟိုတနေ့ညက အရှိန်တွေကြောင့် ခေါင်းတွေကိုက်ပြီး အိပ်ယာထဲက မထချင်သည်မှာ အမှန်ပင်။ သို့သော်လဲ လေပြည် တယောက်တည်း စိတ်မချတာကတကြောင်း၊ အမလွန်းနဲ့ အတူရှိနေမှာကို မလ်ုလားတာကတကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ထက်ရှိနေရင် သူတို့ အဲ့လောက်
ပူးကပ်နေမည်မဟုတ်ပင်။

ထက် အတ္တကြီးတာမဟုတ်ရပါဘူး ချစ်လွန်းလို့ပါ
လေပြည်ရယ်...

လေပြည်လဲ ထက် ကိုစောင့်ရင်း ဟိုးတနေ့ညက အကြောင်း ပြန်စဉ်းစားနေမိသည်။

ဝင်လာသော Mesg တခုက လေပြည့်ရဲ့ အတွေးတွေကို ပျောက်ပျက်စေခဲ့တယ်။

"လေပြည် လာခေါ်လ်ု့ရပြီနော်"

ထက်ဆီက Mesg ကို ဖတ်ပြီးနောက် လေပြည်လဲ လွယ်အိတ်ဆွဲကာ ထက်ဆီသို့ အပြေးသွားလေသည်။

"လေပြည် စောင့်ရတာအရမ်းကြာသွားလားဟင်"
"မကြာပါဘူး ရပါတယ်"
"အင်း"
"သွားကြမလား"
"အင်း သွားမယ်လေ"

သင်တန်းရောက်တော့ အမလွန်း ကို မတွေ့တာနဲ့ ဆရာမကို မေးကြည့်တော့ ဒီနေ့ အမ လွန်း နေမကောင်းလို့ သင်တန်းမလာဘူးတဲ့

လေပြည် (The Breeze ) Where stories live. Discover now