Part-10

304 20 0
                                    

"ဟယ်လို လေပြည်လား"
"အင်း ထက် ပြန်ရောက်ပြီလား"
"အင်း ငါပြောစရာရှိလို့"
"ပြောလေ"
"ဟိုဟာ"
"အင်း"
"ဘာမှမဟုတ်တော့ပါဘူးဟာ ထားလိုက်တော့"
"နင်ကလဲ ပြောမှာဖြစ်ပြောစမ်းပါ"
"ဘာမှမဟုတ်တော့ဘူး ဒါပဲ ငါဖုန်းချလိုက်တော့မယ်"

တီတီး~

ဟဲ့ဟဲ့ အော် ဒီကောင်မလေးနဲ့တော့ ခက်ပြီ ပြောပါဆိုတာကို ဖုန်းချသွားတယ် ဘာအကြောင်းမို့မပြောတာပါလိမ့်
ညမှ ထပ်မေးကြည့်ရမယ်~

"This night is cold in the Kingdom, I can feel you fade away" 🎶

"ကလေး"
"ဟုတ်"
"ဘာလုပ်နေတာလဲ အကြာကြီးပဲ ခေါ်နေတာကို"
"လေပြည် ရေချိုးနေလို့ပါ မ ရဲ့"
"မ ပြောစရာရှိလို့"
"ဟုတ် ပြောလေ"
"ကလေးရဲ့ သူငယ်ချင်း ထက် ကို ကြည့်ရတာတမျိုးပဲ ကလေးကို ကြိုက်နေတာလားမသိဘူး"
"အာ မ ကလဲ မကြိုက်ပါဘူး သူနဲ့ လေပြည်နဲ့က ငယ်ငယ်ကတည်းက ပေါင်းတဲ့ သူငယ်ချင်းတွေ"
"မ သိနေတယ်နော် သူ ကလေးကို ကြည့်တဲ့ အကြည့်တွေ စကားပြောတာတွေက သူငယ်ချင်းထက် ပိုနေတယ်"
"မဖြစ်နိုင်ပါဘူး မ ရယ် မ အတွေးလွန်တာနေပါလိမ့်မယ်"
"ထားပါတော့"
"ဟုတ်"

ခဏအကြာတိတ်ဆိတ်ပြီးနောက်~~

"ကလေး ချစ်တယ်"
"ဟုတ်"
"ကလေးကို မ စိတ်မချဘူး အဲ့ကြောင့် မ နဲ့ တွဲပါလားဟင်"
​"မ ရယ် လေပြည်က ကလေးမဟုတ်ပါဘူး "
"ကလေးမဟုတ်လို့ စိတ်မချဖြစ်နေရတာ "
"နောက်ပြီး လေပြည် နဲ့ မနဲ့ တွေ့တာက လပိုင်းပဲ ရှိသေးတယ်လေ"
"လ ပိုင်းပဲ ရှိတယ်ဆိုပေမယ့်လဲ မ က တကယ်ချစ်တာပါကွာ"
"အင်းပါ လေပြည် သိပါတယ် လေပြည့် စိတ်ကိုက
အဲ့လိုဖြစ်နေတာ"
"ဟူး"
"တောင်းပန်ပါတယ်နော် မ နော်"
"ရပါတယ်"
"အချိန်တခုပါပဲ စောင့်ပါနော်"
"အင်းပါ အင်းပါ စောင့်ပါမယ်"
"ဟုတ်"
"အဲ့ဆို လေပြည် ခေါင်းသုတ်လိုက်ဦးမယ်နော် ခုမှ ရေချိုးခန်းထဲက ထွက်လာတာဆိုတော့"
"ဟုတ်ပြီ ခြောက်အောင်သုတ်နော် နှာစီးနေမယ်"
"ဟုတ်ကဲ့ပါဗျ"
"ပြီးရင် စောစောလဲအိပ်ဦး"
"ဟုတ်ကဲ့ပါ တ့တာနော်"
"တ့တာ "

~~မ ပြောသလို ထက် က ငါ့ကို တကယ်ပဲ ကြိုက်နေတာလား ညနေက ငါ့ကို ကြိုက်နေတယ်ဆိုတဲ့ အကြောင်းများ ပြောမလို့လား ဘာပဲဖြစ်ဖြစ်ရှင်းသွားအောင်တော့ ဖုန်းဆက်ကြည့်လိုက်ပါမယ်လေ~~

လေပြည် (The Breeze ) Where stories live. Discover now