Part-6

327 28 0
                                    

"ဟဲ့ နင်နဲ့ အမလွန်းအခြေအနေက?"
"hmm...မိတ်ဆွေတွေလေ"
"ဟိုနေ့က နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ကြတာကရော နင်တို့ဘာတွေဖြစ်ခဲ့သေးလဲ လေပြေမ"

ကျွန်တော်သိပြီ ဟိုတနေ့က အမလွန်းနဲ့ ရုပ်ရှင်သွားကြည့်တာ သူ့ကို မခေါ်လို့ ထက် စိတ်ကောက်နေတာဖြစ်သည်။

"ထက်လေးကလဲ စိတ်မကောက်ပါနဲ့ သူက သွားမယ့်မနက်မှထပြောတော့ ငါလဲမသိလိုက်တာပါနော် နော်"
"ဘယ်လိုပဲဖြစ်ဖြစ်လေ"
​"နင်ကလဲ စိတ်မဆိုးပါနဲ့ နော်"

လေပြေက "နော် နော်" လို့ပြောတိုင်း အရည်ပျော်ကြရတာမို့ ခုလဲ သူ့စကားကြောင့် စိတ်ဆိုးပြေသွားသည်။

"ထားပါ ထားပါ နင်တို့ ဘာတွေဖြစ်ခဲ့သေးလဲ"
"ငါတို့ကဘာဖြစ်ရမှာတုန်း ဘာမှမဖြစ်ခဲ့ပါဘူး"
"သေချာလို့လား"
"အင်း"

ကျွန်တော် ထက်ကို ပထမဆုံးအကြိမ်လိမ်လိုက်မိသည်။ ဒီလိုလိမ်လိုက်မှလဲ သူကျွန်တော့်ကို စိတ်ဆိုးပြေမှာလေ...

"ဒါဆိုစိတ်ဆိုပြေတဲ့ အနေနဲ့ ငါ့ကို အအေးဝယ်တိုက်"
"နင်ဝယ်တိုက်ရမှာလေ စိတ်ဆိုးပြေတာငါလေ"
"မသိဘူး" ဝယ်တိုက်ဟာ"
​"ဘာသောက်မှာလဲပြော "
"Bubble Tea ဟီး "
"သွားမယ်လာ"
"ဟုတ်ကဲ့"

From Ma Loon💌:

"ဘာလုပ်နေလဲ ကလေး?"

အမလွန်းစီက Mesg တစ်ကြောင်းဝင်လာတာမို့ ကျွန်တော်စာပြန်မယ်လုပ်သော်လဲ ခုမှ စိတ်ဆိုးပြေထားတဲ့ သူငယ်ချင်း နောက်ထပ်တခေါက်စိတ်ဆိုးသွားမှာကြောက်တာမို့ ကျွန်တော်စာမပြန်ပဲ ဖုန်းပြန်ပိတ်လိုက်သည်။

"ရော့ သောက်ဦးလေပြေ"
"ဟီး ဟုတ် ကျေးဇူးပါ"
"မလိုဘူး သောက်စရာရှိတာသာသောက်"
"ဟုတ်ကဲ့ပါဗျ"

ဟုတ်ကဲ့ပါဗျ လို့ပြောပြီး တစ်ဆုံးရယ်ပြလိုက်တဲ့ လေပြေမှာ တကယ်ချစ်ဖို့ကောင်းသည်။ သွားလေးတွေညီပြီး အပြုံးလေးမှာလဲ တကယ်ချိုသည်ဟု ထက် မှတ်ချက်ချလိုက်သည်။ လေပြေဆိုသူမှာလဲ ရယ်ဖို့ပြုံးဖို့အရမ်းခက်ယဉ်းပြီး အမြဲရုပ်တည်သာနေတတ်သူဖြစ်တာကြောင့် ဒီလိုအပြုံးမျိုးမြင်ရသည်မှာ တကယ်ရှားသည်။

​အအေးသောက်ပြီးပြန်ခါနီး~

"လေပြေ"
"အင်း ပြောလေ"
"Mwah"

ပါးပြင်ပေါ်ကို နူးညံ့ပြီး နွေးထွေးတဲ့ အနမ်းတစ်ပွင့်ကျရောက်လာသည်။

"ဘာလုပ်တာလဲဟ"
"နမ်းလိုက်တာလေ ကိုယ့်သူငယ်ချင်းကို ချစ်လို့လေ"
"လျှောက်ပြောမနေနဲ့"
"တကယ်ပြောတာ နင့်ကို ငါချစ်တယ်လေပြေ"
"ငါလဲ ချစ်ပါတယ် သူငယ်ချင်းလိုလေ"
"ငါလဲ သူငယ်ချင်းလိုပါပဲ"
"အေးပါ ဂရုစိုက်ပြီးပြန်တော့"
"အင်း နင်ရောပဲ"

"သူငယ်ချင်းထက်ပိုနေပြီ လေပြေ"
ထက် စိတ်ထဲကသာ ရေရွတ်လိုက်သည်...

လမ်းဆုံးမှာ ကျွန်တော်တို့ နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ကြသည်။

Noti တွေကတစ်တောင်တောင်နဲ့ တက်နေတာကြောင့် ကြည့်လိုက်တော့ အမလွန်းက Mesg တွေဖြစ်သည်။

"ကလေး ဘာလုပ်နေလဲ ဘယ်ရောက်နေလဲ စာလဲမပြန်ဘူးကွာ စိတ်ပူလာပြီ"

ခဏကြာတော့~~

"ပျော်ခဲ့ရဲ့လား?"

အမလွန်းက ဘယ်လိုသိသွားတာလဲ ထက် ပုံများတင်လိုက်လို့လား

"ပျော်တယ်လို့လဲမဟုတ်ပါဘူး မရယ် ဒီလိုပါပဲ"
"မ ကစိတ်ပူနေတာ ဘာများဖြစ်နေတာလဲလို့"
"ဘာမှမဖြစ်ပါဘူး ဖုန်းက အားကုန်နေလို့ စာမပြန်ဖြစ်တာ"
"ဟုတ်ပါပြီ"
"ဒါနဲ့ ကလေးကို ပြောစရာရှိလို့"
"ဟုတ် ပြောလေ"
"မပြောတော့ပါဘူး ကလေးရယ် သင်တန်းမှာ တွေ့မှတော့ ပြောတော့မယ်"
"မ ကလဲ ဟုတ်ပါပြီ" အဲ့ဆို လေပြေလုပ်စရာလေးရှိလို့ တ့တာနော်"
"အော် အင်းအင်း တ့တာ ကလေး"

နောက်နေ့မနက်သင်တန်းတက်တော့~~

ထက်နဲ့ကျွန်တော်အခန်းထဲဝင်မယ်အလုပ်မှာ

"ကလေး စကားခဏပြောချင်လို့"
"အော် ဟုတ်"

အမလွန်းက ထက်ကို ကြည့်လိုက်တာ ထက်သိသွားတယ်ထင်ပါရဲ့ အလိုက်သိစွာနဲ့ပင်

"ငါဝင်နှင့်ပြီးနော် စောင့်နေမယ်"
"အေးအေး"

အတန်းတက်ဖို့လဲ ၁၀မိနစ်လောက်လိုသေးတာမို့ ကျွန်တော် အမလွန်းနဲ့ လိုက်သွားလိုက်သည်။

ဝန်ရံနာရောက်တော့~

"ကလေး"
"ဗျာ"
"ကလေးကို မ အရမ်းချစ်တယ်"
....

#oo

Up တာနည်း"ကြာသွားတဲ့အတွက်တောင်းပန်ပါတယ် ဒါဒါတို့ရေ 💕

လေပြည် (The Breeze ) Where stories live. Discover now