Part-12

348 26 2
                                    

"ဒီနေ့ သင်တန်းမလာဘူးလား ကလေး"
"ဟုတ် လေပြည် ခေါင်းကိုက်ပြီး နေသိပ်မကောင်းလို့ ဒီနေ့ မတက်တော့တာ"
"မ ညနေကြ လာခဲ့မယ်နော်"
"အာ မလိုပါဘူး မ ရယ် ပင်ပန်းပါတယ် လေပြည်လဲ ဘာမှဖြစ်တာမှမဟုတ်တာ"
"မရပါဘူး မ လာခဲ့မယ် စိတ်မချဘူး"
"Amm အဲ့ဆိုလဲ မ သဘောပါ"
"တ့တာ see you ကလေး"

လေပြည်လဲ ခေါင်းကိုက်နေတာမို့ နိုးမှပဲ ဆေးသောက်တော့မယ်ဆိုပြီး တရေးအိပ်လိုက်တော့သည်။
ညနေ မ ရဲ့ ကားဟွန်းသံ ကြားမှပဲ လေပြည်နိုးတော့တယ်

ဟော ထွက်လာပါပြီ ကျွန်မရဲ့ ကလေးငယ် ခုမှ အိပ်ယာက ထလာတာထင်တယ် ပါးနှစ်ဖက်မှာ ဖောင်းဖောင်းလေးဖြစ်နေပြီး မျက်လုံးလေး ပေကလပ်၊ပေကလပ်နဲ့ တကယ်ကို အူယားစရာလေးပင် ဖြစ်သည်။

"မ ရောက်နေတာကြာပြီလား"
"ဟင့်အင်း ခုပဲ ရောက်တာ ကလေး အိပ်နေတာလား"
"ဟုတ် ခုပဲ နိုးတာ"
"ဘာစားပြီးပြီလဲ အန်တီရော"
"မာမီက မနက်အစောကတည်းက အလုပ်ကိစ္စရှိလို့ ခရီးထွက်သွားတယ် မ နောက်၂ရက်နေလောက်မှ ပြန်ရောက်မှာ"
​"ဒါဆို ကလေးတယောက်တည်းပေါ့"
"ဟုတ်"
"မ လာအိပ်ပေးရမလား"
"ဗျာ"

ခေတ်လွန်းက ရိုးရိုးသားသားပဲ ပြောလိုက်ပေမယ့် လေပြည့်အမို့ တခြားအတွေးဘက်ရောက်သွားလေသည် 🌚

"တမျိုးမထင်နဲ့လေ မ က ရိုးရိုးအိပ်တာကိုပြောတာ
ကလေးရဲ့ ဘာတွေတွေးနေတာတုန်း"
"အာ ဘာမှမတွေးပါဘူး အားနာစရာကြီး မ ရယ်
လာအိပ်ပေးဖို့တော့မလိုပါဘူး လေပြည် တယောက်တည်းလဲ အဆင်ပြေပါတယ်"
"မဖြစ်ဘူး မ လာအိပ်ပေးမယ် တယောက်တည်းစိတ်မချဘူး"
​"ဟုတ် အဲ့ဆိုလဲ လာအိပ်လေ"
"အင်း ခုဘာစားပြီးပြီလဲ ဆေးသောက်ပြီးပြီလား"
"ဟင့်အင်း"
"ခုမှ အိပ်ယာကထတယ်ထင်လို့ ခေါက်ဆွဲကြော်ဝယ်လာတယ် စားပြီးရင် ဆေးသောက်ရမယ် ကြားလား"
"ဟုတ်ကဲ့ပါဗျ"
"အိမ်ပြန်ဦးမှာလား မ"
"မပြန်တော့ဘူးလေ ခဏနေရင် ရေတော့ချိုးချင်တယ်"
"ဟုတ် ချိုးလေ ပြီးရင် လေပြည့် အင်္ကျီပဲ ဝတ်ထားလေ"
"ဟုတ်ပါပြီရှင်"

ကလေးနဲ့ တညလုံးတူတူရှိရမည်ဆိုတဲ့ အတွေးက ခေတ်လွန်းအဖို့ ရင်ခုန်စရာပင်။

ခဏအကြာ

"မ အင်္ကျီအပြင်မှာ ထားခဲ့တယ်နော်"
"အင်း ကလေး"

လေပြည်တယောက် အခန်းထဲက ထွက်ပြီ အလုပ် ရေချိုးခန်းက ခေါ်သံကြား၍

"ကလေး"
"ဟုတ်"
"တံဘတ်လေးလာပေးပါလားဟင်"
"အော် ဟုတ် ရော့ မ"

အပေါ်ပိုင်းဗလာနဲ့ ရေစက်ကလေးတွေ တွဲလဲခိုနေတဲ့ မ ရဲ့ မျက်နှာနဲ့ ရင်ဘတ်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။မည်သူမဆို မ ရဲ့ အလှမှာ နစ်မြောမိမှာ အမှန်ပင်။

လေပြည် စိတ်ကူးယဉ်တွေးနေစဉ်

ကလေး
ဟင်
ဘာတွေ တွေးနေတာလဲ
ဘာမှမဟုတ်...

လေပြည့်ရဲ့ စကားမဆုံးခင်မှာပဲ ခေတ်လွန်းက လေပြည့်ကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

​မ ရဲ့ အလှမှာ အနီးကပ်ကြည့်လျှင် ပို၍ ရင်ခုန်စရာကောင်းလာသည်။ ရင်ဘတ်ထဲက အကောင်ငယ်ငယ်လေးကလဲ အငြိမ်မနေတော့ပေ။ စိတ်​၏ အလိုဆန္ဒတို့ကား ထိန်းချုပ်၍မရ ဖြစ်လာတော့မည်ကို သိသဖြင့်

"မ လေပြည် သွားတော့မယ်"
"ခဏနေပါဦး ကလေးရဲ့ "
"မ ပြီးရင် အင်္ကျီလဲလိုက်နော်"
"ကလေး"
"ဗျာ"
"အရမ်းချစ်တယ်"

စကားအဆုံးမှာ လေပြည့်ရဲ့ နှုတ်ခမ်းနွေးနွေးပေါ် ခေတ်လွန်းရဲ့ နှုတ်ခမ်းသားတို့ ကျရောက်လာသည်။ အပေါ်နှုတ်ခမ်းကို တလှည့်၊အောက်နှုတ်ခမ်းကို တလှည့်စုပ်ယူပြီး နူးညံ့သော အနမ်းများကို ဖန်တီးပြီးနောက် တဖြည်းဖြည်းကြမ်းတမ်းပြီး အရိုင်းဆန်သော အနမ်းမျာယဖြစ်ပေါ်လာသည်။

မ ရဲ့ နှုတ်ခမ်းများက အလွန်ပင် ချိုမြိန်လှသည်။ ဒီအနမ်းချိုတွေ ထာဝရတည်စေဖို့ ဘာမဆို ပုံအောမိမှာ အမှန်ပင်ဖြစ်သည်။

ကြာရှည်သော အနမ်းများကို ပေးပြီးနောက်
ဆန္ဒများကို ထိန်းချုပ်ကာ လေပြည် အခန်းထဲက ထွက်လာခဲ့သည်။ အခန်းထဲမှာတော့ ခေတ်လွန်းတယောက် ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့လေသည်။

#oo

လေပြည် (The Breeze ) Where stories live. Discover now