Part-2

623 36 0
                                    

ဆောင်းဟေမာန်မှာ လေပြည်လေးတွေ ထက်အရင် ဟေမာန်နဲ့ ထိတွေ့ချင်တဲ့ ကျွန်တော့်နာမည် လေပြည်ဦး...

"လေပြည်ရေ မပြီးသေးဘူးလား"
"ပြီးပါပြီ Mom ရဲ့"
"မြန်မြန်လာလေ ဒီမှာသူငယ်ချင်းစောင့်နေတာကို"
"လာပါပြီ"

"ကြာလိုက်တာ ဦးလေပြည်ရယ် ဘာတွေလုပ်နေတာလဲ"
"လေပြေဦးပါဟ"
"သိတယ် တမင်ရွဲ့ခေါ်တာ"
"ဘယ်ခြေအိတ်ဝတ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေလို့ နည်းနည်းကြာသွားတာပါ ထက်လေးကလဲ"
"အေးအေး လုပ်နေလိုက်"

ထက်လေးဆိုသူမှာ (ထက်ချယ်ရီ) ဖြစ်ပြီး ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သည်။ ခုလဲသူနဲ့ Computer သင်တန်းတက်ဖို့ လခသွားပေးရင်း အပြန် Café သွားမှာဖြစ်သည်။

"Mom လေပြည်သွားပြီနော်"
"အေးအေး ရော့လခနဲ့မုန့်ဖိုး"
"ဟီး ကျေးဇူးတင်ပါတယ် တ့တာ"
"ဂရုစိုက်သွားကြနော် သမီးတို့"
"ဟုတ်ကဲ့ အန်တီ" ထက်ရဲ့စကားဖြစ်သည်။ 

​သင်တန်းရဲ့ တိုက်အောက်ရောက်တော့...
"ဒီတိုက်ဆိုတာ သေချာရဲ့လား လေပြေ"
"သေချာပါတယ်ဟ ဘယ်အလွှာလဲတော့ ငါလဲမမှတ်မိတော့ဘူး"
"နင်ဆိုသည်မှာလဲ"

ကျွန်တော်တို့ စကားသံကို ကြားသွားတယ်ထင်ပါရဲ့
ကျွန်တော်တို့ထက် အသက်ကြီးလောက်မယ့် အမျိုးသမီးတယောက်က

"computer သင်တန်းလာအပ်တာလားညီမလေး"
"ဟုတ်ပါတယ်" ထက်ရဲ့စကားဖြစ်သည်။
"သင်တန်းက ၂လွှာမှာပါ ဆိုင်းဘုတ်ကအသစ်တပ်မှာမို့ ခဏဖြုတ်ထားလို့ပါ"
"အော် အဲ့ကြောင့် ရှာမတွေ့တာကို"
"အမနဲ့အတူလိုက်ခဲ့လေ အမက ဒီသင်တန်းက ဆရာမရဲ့ တူမပါ"
"အော် ဟုတ်အမ" လေပြေရဲ့စကားဖြစ်သည်။

သင်တန်းအပ်ပြီး ပြန်မယ်အလုပ် စပ်စုစိန်ဒေါ်ထက်ချယ်ရီက~~~

"အမနာမည်လေးသိလို့ရမလားရှင့်"

ရုတ်တရပ်အဲ့အမက ကျွန်တော့်ကို စိုက်ကြည့်ပြီး

"ဒီကောင်လေးမေးရင်တော့ အမဖြေမှာပါ"
"အန် သူကကောင်လေးမဟုတ်ဘူးအမ ကောင်မလေးပါ"
"အား sorry" အမက ကောင်လေးထင်လို့"
"ရပါတယ်ဗျ ကျွန်တော့်နာမည်က လေပြေဦးပါ ဒါကကျွန်တော့်သူငယ်ချင်း ထက်ချယ်ရီ အမနာမည်ကရော?"
"အမနာမည်က လေပြေရဲ့ နာမည်တစ်လုံးပါတယ် ချစ်လွန်းဦး ပါ ဦးခြင်းတူနေလို့ လေပြေကို ဦးလို့ပဲ အမ
ခေါ်မယ်နော်"
"ဟုတ် "
"nice to meet you ပါဦး "

လေပြည် (The Breeze ) Where stories live. Discover now