Chapter 12(End)

1.4K 18 2
                                    

Unicode

ခဏကြာတော့Lunaတစ်ယောက်သတိရလာခဲ့တယ်။

:ငါဘယ်ရောက်နေတာလဲ.....:

Lunaခေါင်းကိုကိုင်ပြီးဖြေးဖြေးချင်းထကြည့်‌လိုက်တော့သူ့ဘေးမှာအိပ်နေတဲ့သူချစ်ရတဲ့လင်တော်မောင်ကြီးကိုတွေ့လိုက်ရတယ်။

:သူကဒီမှာဘာလုပ်နေတာလဲ...သူဟာမနဲ့သူသွားမနေပဲနဲ့။:(ဟိုကတကယ်သွားနေရင်ရှင်ပဲရင်ကျိုးရမှာမဟုတ်ဖူးလားအမိLuna😒)

Lunaတစ်ယောက်Jamesကိုကြည့်နေတုန်းမှာပဲJamesကနိုးလာတယ်.......။

"Arr.......ငယ်လေးနိုးနေပြီလား...."

"ဘယ်ကငယ်လေးကိုပြောနေတာလဲ......."

"ဘယ်ကငယ်လေးရှိရမလဲ......ဒီကငယ်လေးပေါ့...။"

"ဘာတွေလာပြောနေတာလဲ.....ရှင်....ရှင့်ဟာမနဲ့ပျော်နေရမှာလေ....ဘာလို့ကျမကိုဒီမှာငယ်လေးလို့လာခေါ်နေတာလဲ...။"

"ဘယ်ကဟာမလဲ.....ဘယ်ဟာမမှမရှိဘူး.....ဒီကလေးမဘာတွေပြောနေမှန်းမသိဘူး..."

"ဘယ်ကဟာမရမှာလဲ.......

အဲ့အချိန်မှာမေကအခန်းထဲကိုဝင်လာတော့Lunaတစ်ယောက်မေကိုလက်ညိုးထိုးပြီး....

"ဟိုကဟာမပေါ့........"

မေမှာတော့သူ့ကိုလက်ညိုးထိုးနေတဲ့Lunaကိုကြည့်လိုက် ၊ ကြောင်အမ်းအမ်းသူ့ကိုကြည့်နေတဲ့Jamesကိုကြည့်လိုက်နဲ့အူကြောင်ကြောင်ဖြစ်နေတယ်......။

"ဟာ......မဟုတ်ပါဘူးကွာ....မေကကိုယ့်ကိုကူညီတာပါ......"

"ရှင့်ပေါင်ပေါ်ကိုတောင်တက်ထိုင်နေတာကကူညီနေတာပေါ့ဟုတ်လား........"

"ဒီကလေးမကတော့......သဝန်တိုနေပြီမလား......ကိုယ်ရှင်းပြပါ့မယ်ကွာ......"

Jamesလဲအဖြစ်မှန်တွေကိုရှင်းပြလိုက်တော့တယ်.....။Jamesရှင်းပြလိုက်တော့မှ‌ မေကို Luna‌တစ်ယောက်အားနာနေမိတယ်.....။

"တောင်းပန်ပါတယ်အမမေ....ညမ....တကယ်တောင်းပန်ပါတယ်။"

"ညမကမှမသိသေးတာ......မသိသေးလို့ပြောမိတာပဲ....ရပါတယ်။"

"ဟုတ်အမမေကျေးဇူးပါနော်......"

"ရပါတယ်...ကိစ္စမရှိပါဘူး......။"

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now