Chapter 4

918 25 4
                                    

Unicode

နောက်တစ်နေ့ရောက်နေ့ James တစ်ယောက် Lunaအိမ်ကိုသွားခဲ့တယ်။

"....Lunaရေ....Luna..."

‌"အော်....သားJamesပါလား။အန်တီကသားကိုတောင်မမှတ်မိတော့ဘူးကွယ်။"

"ဟုတ်ကဲ့အန်တီ.....ကျွန်တော်အခုတလောအလုပ်လေးတွေရှုပ်နေတာနဲ့အန်တီစီကိုမလာဖြစ်တာပါ။...Lunaရောအန်တီ"

"အပေါ်ထပ်မှာ....ရေချိုးပြီးဆင်းလာပါလိမ့်မယ်။"

"ကျွန်တော်အဲ့ဒါဆို....ဧည့်ခန်းထဲမှာထိုင်စောင့်လိုက်မယ်‌ဗျာ့။"

"အေးကွယ်အေးကွယ်....အန်တီကတော့အပြင်လေးသွားစရာရှိလို့သွားလိုက်အုံးမယ်သားရေ။"

"ဟုတ်ကဲ့အန်တီ...."

ခဏကြာတော့သူမဆင်းလာပါပြီ။သူမကျွန်တော့ကိုမြင်တော့အတော်လေးအံ့ဩသွားတယ်။

"James......?နင်ဒီကိုဘာလာလုပ်တာလဲ"

"နင့်ကိုဆိုင်ပို့ပေးမလို့လာတာလေ။"

"ထူးထူးဆန်းဆန်းတွေ......"

"အဲ့လိုလဲ မဟုတ်ပါဘူးဟာ။ငါမနေ့ကပြောလိုက်တဲ့စကားကြောင့်နင်စိတ်ထဲခုသွားရင်ငါတောင်းပန်ပါတယ်။ဒီစကားကိုမပြောခဲ့သလိုပဲသတ်မှတ်လိုက်ပါကွာ။ငါတို့သူငယ်ချင်းပြန်လုပ်ရအောင်။"

"ကောင်းပြီလေ......ဒါဆိုငါတို့သူငယ်ချင်းပြန်လုပ်ရတာပေါ့။ဒါပေမဲ့နင်ငါ့ကိုချစ်တယ်လို့တော့လာမပြောနဲ့တော့နော်။ငါစိတ်ဆိုးမှာ.....ဟွန့်"

"အေးပါကွာ....အခုစိတ်ဆိုးပြေပြီမလား။"

"အင်းပြေပြီ.....နင်ငါ့ကိုဆိုင်လိုက်ပို့ဖို့ဆို။"

"အင်းဟုတ်တယ်..။"

"အဲ့ဒါဆိုလိုက်ပို့လေ။"

"Ok"

-----------------------------------------------------------
ကားလေးကတဖြေးဖြေးနဲ့မောင်းလာတာ ဆိုင်ရှေ့တောင်ရောက်လာခဲ့ပြီ။

"ဒီဆိုင်ပဲ....Jamesရောက်ပြီ။"

"အင်း....ငါမဝင်တော့ဘူး....အလုပ်သွားစရာရှိသေးလို့။"

"Ok....ပြီးရော။"

ကျွန်တော်သူနဲ့စကားပြောနေချိန်ရုတ်တရက်ကောင်လေးတစ်ယောက်ဝင်လာတယ်။ကောင်လေးပုံကြည့်ရတာ‌ရုပ်တော့ချောပေမဲ့ သူမစီကခြူစားနေတဲ့‌ကောင်လို့ကျွန်တော့စိတ်ထဲထင်နေမိတယ်။ကောင်လေးကကျွန်တော်တို့ထက်တော့ငယ်တယ်။ဒါကသူချစ်ရသူတဲ့လား။ကျွန်တော်တော့ရင်တွေထပ်ကွဲပြီထင်ပါတယ်။

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now