Chapter 11

753 21 8
                                    

Unicode

ဆေးရုံမှာမေရောJamesပါရောက်ယက်ခတ်နေကြတယ်။

"အဲ့ဒါနင့်ကြောင့်နင်အခုလိုအကြံပေးလို့ဖြစ်ရတာ"

"မသာ.....လုပ်တုန်းကလုပ်ပြီးတော့အခုကျမှဘာလို့ငါ့ကြောင့်လို့လာပြောတာလဲဟ၊သူနင့်ကိုချစ်လားမချစ်လားသိအောင်စမ်းသပ်ဖို့အကြံလေးပေးလိုက်မိပါတယ်၊တစ်ခုခုဖြစ်တော့ကျမခေါင်းပေါ်ပဲကျလာတယ်။"

"ငါ့ငယ်လေးတစ်ခုခုဖြစ်ရင်နင်သေပြီသာမှတ်"

"မှတ်တောင်ထားရအုံးမယ်၊ဒီကိစ္စမှာသူမပါတာကျနေတာပဲ။"

တကယ်တော့Jamesနဲ့မေနဲ့ကဘာမှမဟုတ်ခဲ့ပါဘူး။မေနိုင်ငံခြားကပြန်ရောက်လာပြီးJamesနဲ့အတူတူသွားသောက်တဲ့နေ့က.....

"ဆိုစမ်းပါအုံးနင့်ရဲ့မိန်းကလေးကဘယ်ကလဲဘယ်လိုတွေတွေ့ကျတာလဲ"

"ငါကဆယ်တန်းကျလိုက်သေးတယ်လေအဲ့တုန်းကကျောင်းမှာသူနဲ့တွေ့တာ မြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုပါတော့။"

"ဟုတ်လှချည်လားဟ....သူကလဲနင့်ကိုတော်တော်ချစ်မှာပဲနော်"

"နင်ထင်တာနဲ့တခြားစီပဲ...တကယ်တော့သူ့မှာကောင်လေးရှိတယ်။သူကလဲသူ့ကောင်လေးကိုအရမ်းချစ်တာ၊ဒါပေမဲ့ငါသူ့ကိုမစွန့်လွှတ်နိုင်ခဲ့ဘူးအဲ့ဒါကြောင့်ငါသူ့ကိုမလုပ်သင့်တာလုပ်လိုက်မိတယ်...."

"ဘာလုပ်လိုက်တာလဲ....."

"တုံးလိုက်တာဟ...ငါသူ့ကိုအပိုင်သိမ်းလိုက်တာ...ငါသူ့ကိုမုဒိန်းကျင့်ပြီးယူလိုက်တာ.....ရှင်းပြီလား...."

"အဲ့လိုလုပ်စရာလားဟ.....နင်သူ့ကိုဖွင့်မပြောဘူးလား။"

"ပြောခဲ့တာပေါ့ဟာ....ဒါပေမဲ့သူချစ်နေတာကတခြားတစ်ယောက်လေ။ငါဘယ်လိုမှမခံစားနိုင်တော့လိုအခုလိုလုပ်မိသွားတာ။အဲ့လိုဖြစ်ပြီးကထဲကသူနဲ့ငါနဲ့ဆက်ဆံရေးကတင်းမာသွားတာပဲ။"

"နင့်အဖြစ်ကလဲ ဆိုးလိုက်တာဟယ်....."

"အေးဟာ....အလုပ်ကရလာတဲ့Stressတွေထက်သူမုန်းနေတာတွေကငါ့အတွက်အရမ်းခံစားရခက်တယ်။"

"နင်အခုရောသူနဲ့အဆင်ပြေရဲ့လား"

"မပြေသေးပါဘူးဟာ.....ပြေအောင်ကြိုးစားနေဆဲပဲပေါ့.....အော်...ဒါနဲ့နင်ခုနကပြောတဲ့နင့်Crushကြီးမင်္ဂလာဆောင်သွားတဲ့အကြောင်းပြောပြပါအုံး။"

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now