Chapter 8

745 21 2
                                    

Unicode

မနက်ရောက်တော့Lunaတစ်ယောက်နောက်ကျမှနိုးလာခဲ့တယ်။

"Ah....သေစမ်း.....ဆိုင်သွားဖို့နောက်ကျနေပြီ.....။"

သူမအလျင်အမြန်ပဲရေမိုးချိုးအဝတ်အစားလဲပြီးတော့အောက်ထပ်ကိုဆင်းလာခဲ့တယ်။အောက်ထပ်ရောက်တော့....

"အော်....Luna...နိုးပြီလား....ကိုယ်မနက်စာလုပ်ပေးထားတယ်...အဲ့ဒါစားလိုက်အုံး။"

"အင်း"

Lunaတစ်ယောက်ပါးစပ်ထဲပလုပ်ပလောင်းထည့်ပြီးစားနေတာကိုJamesတစ်ယောက်ကြည့်ပြီးရီနေတယ်။

"ငါ့မျက်နှာကရီးစရာကောင်းနေလို့လား.....James.....?"

"မဟုတ်ပါဘူးကွာ....ပလုပ်ပလောင်းစားနေတာချစ်ဖို့ကောင်းလို့.... ပြီးတော့ငါတို့တွေလေ...ဟို...အခေါ်အဝေါ်လေးတွေပြောင်းရအောင်ဟာ...နင်နဲ့ငါနဲ့ပဲပြောနေတာက....နည်းနည်းလေး...ငါတို့နှစ်ယောက်အတွက်သူစိမ်းဆန်နေသလိုခံစားရလို့။"

"ဟင့်အင်းမပြောင်းချင်ပါဘူး....နင်နဲ့ငါနဲ့ခေါ်ရတာကိုပဲငါသဘောကျတယ်။"

"နင်ကလဲဟာအဲ့လိုကြီးခေါ်တာကလူကြားထဲခေါ်လို့မကောင်းဘူးလေအဲ့ဒါကြောင့်။ပြီးတော့နင်နဲ့ငါနဲ့ကလင်မယားတွေဖြစ်နေပြီသူများတွေရှေ့မှာသူစိမ်းဆန်နေရင်မကောင်းဘူးလေ..။"

"အဲ့တော့.…..."

"အဲ့တော့...ငါကနင့်ကိုငယ်လေးလို့ခေါ်မယ်။အဲ့ဒါဆိုရင်ရော...."

"Okလေငါလက်ခံတယ်...."

"နင်ရောငါ့ကိုဘယ်လိုခေါ်ချင်လဲ....."

"သောက်ပေါလို့ခေါ်ချင်တယ်ရလား....."

ရုပ်တည်ကြီးနဲ့ပြောလိုက်တာကြောင့်Jamesမှာငိုရမလိုလိုရီရမလိုလိုနဲ့ဖြစ်သွားတယ်။

"ငယ်လေးကလဲ....အဲ့နာမည်ကြီးကမကောင်းပါဘူးကွာ.....ကိုယ်...လို့ခေါ်လေနော်။"

"Jamesလို့ပဲခေါ်မယ်နင်ပြောတာကြီးငါမခေါ်ချင်ဘူး...."

"ငယ်လေးကလဲ...ကိုယ်လို့ခေါ်ပါ‌....နော်...နော်....။"

ကလေးဆန်လွန်းတဲ့Jamesရဲ့ပုံစံကြောင့်Lunaတစ်ယောက်ရီသလိုလိုတောင်ဖြစ်သွားတယ်။ဒါပေမဲ့သူအတတ်နိုင်ဆုံးရုပ်ကိုပြန်တည်ပြီးတော့။

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now