Chapter 6

1.2K 26 2
                                    

Unicode

Jamesတစ်ယောက်မျက်နှာပေါ်ကျလာတဲ့နေရောင်ကြောင့်မျက်မှောင်တစ်ချက်ကျုံးပြီး‌သူရဲ့ဘေးကိုကြည့်လိုက်တယ်။ဟော...သူရဲ့မြတ်နိုးရာလေးကဘေးမှာကွေးကွေးလေးအိပ်နေတယ်။

:ကိုယ်တောင်းပန်ပါတယ်။မင်းကိုဒီလိုမျိုးနည်းနဲ့သိမ်းပိုက်မိလို့:

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

:ကိုယ်တောင်းပန်ပါတယ်။မင်းကိုဒီလိုမျိုးနည်းနဲ့သိမ်းပိုက်မိလို့:

ခဏကြာတော့Lunaတစ်ယောက်အကြောဆန့်ဖို့ပြင်လိုက်တဲ့အချိန်

:အ....နာလိုက်တာ....ငါဘာဖြစ်တာလဲ။ဘာလို့ငါ့အောက်ပိုင်းကနာနေရတာလဲ။:

ဘေးဘက်ကိုကြည့်လိုက်တော့

"James...နင်...နင်...နင်ငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ။ငါ့မှာကောင်လေးရှိတယ်ဆိုတာလဲ နင်သိတယ်။ငါသူ့ကိုအရမ်းချစ်တယ်ဆိုတာလဲနင့်သိရက်နဲ့ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ။"

"နင်သူ့ကိုချစ်သလိုငါလဲ နင့်ကိုချစ်တာပဲ...Luna...ငါနင့်ကိုဆုံးရှုံးရမှာကြောက်တယ်။ငါနင့်ကိုအဆုံးရှုံးမခံနိုင်ဘူး။Luna...ဒီကိစ္စကိုငါအားလုံးတာဝန်ယူ......"

"တော်တော့.... James...နင်ကလေကိုယ့်သူငယ်ချင်းကိုတောင်စည်းမစောင့်တဲ့ကောင်....ငါနင့်ကိုမချစ်ဖူးလို့ငါပြောခဲ့တယ်လေ။စွန့်လွှတ်ဖို့လဲ ငါပြောခဲ့တယ်လေ။"

"လွယ်လွယ်နဲ့စွန့်လွှတ်လို့ရတယ်လို့နင်ထင်နေတာလား....ဟမ်။ငါနင့်ကိုချစ်တယ်ဆိုတာကိုလဲ ငါလွယ်လွယ်နဲ့မပြောခဲ့ဖူး...Luna...ငါနင့်ကိုဆယ်တန်းကျောင်းတက်ကထဲကချစ်ခဲ့တာ...နင်ကတော့...နင်ကတော့ငါ့ကိုနာကျင်မှုတွေပဲပေးတယ်.....နင့်အပေါ်အမြဲဂရုစိုက်ပေမဲ့...နင်အဲ့ဒါတွေကိုမြင်ခဲ့လို့လား။အခုကိစ္စမှာလဲ..ငါမှားတယ်....ဟုတ်တယ်...ငါမှားတယ်။ဒါပေမဲ့ငါနင့်ကိုချစ်လွန်းလို့မှားတာ။ငါနင့်ကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူး။အဲ့တော့ငါယုတ်မာတဲ့နည်းလမ်းကိုသုံးခဲ့တာပဲ။"

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Hikayelerin yaşadığı yer. Şimdi keşfedin