Chapter 7

847 36 4
                                    

Unicode

နောက်နေ့ရောက်တော့ Lunaတစ်ယောက်အိပ်ရာကနိုးထလာခဲ့တယ်။နာရီကိုကြည့်လိုက်တော့7နာရီထိုးပဲရှိသေးတယ်။သူ‌မရေချိုးဖို့ထလာခဲ့တယ်။ရေမချိုးခင်မှာရေတစ်ခွက်အမြဲသောက်လေ့ရှိတဲ့သူမကသူ့နားမှာရေသောက်ဖို့ရေဘူးကိုရှာနေခဲ့တယ်။ဒါပေမဲ့သူမရေဘူးကိုရှာမတွေ့ခဲ့ဘူး။အဲ့ဒါနဲ့ပဲရေသောက်ဖို့အောက်ကိုဆင်းလာခဲ့တယ်။အောက်ကိုဆင်းလာရင်းလှေခါးနားမှာကြက်ဥပေါင်မုန့်ကြော်အနံ့ကိုသူမရလိုက်တယ်။

:ကြက်ဥပေါင်မုန့်ကြော်အနံ့လေးကမွှေးနေတာပဲ။အန်တီကြီးပြန်ရောက်နေပြီနဲ့တူတယ်။အပြတ်ဆွဲပစ်မယ်။:

သူမတွေးရင်းမီးဖိုခန်းထဲလဲရောက်ရောသူမထင်တာနဲ့တခြားစီဖြစ်နေတယ်။ကြက်ဥပေါင်မုန့်ကြော်နေတာ အန်တီကြီးမဟုတ်ပဲနဲ့ Jamesဖြစ်နေတယ်။

သူမတွေးရင်းမီးဖိုခန်းထဲလဲရောက်ရောသူမထင်တာနဲ့တခြားစီဖြစ်နေတယ်။ကြက်ဥပေါင်မုန့်ကြော်နေတာ အန်တီကြီးမဟုတ်ပဲနဲ့ Jamesဖြစ်နေတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"

Luna...နိုးပြီလား။ငါနင့်အတွက်ကြက်ဥပေါင်မုန့်ကြော်ထားတယ်။နင်နိုးလာတာနဲ့တစ်ခါထဲစားလို့ရအောင်လို့...."

Lunaတစ်ယောက်ဘာမှပြန်မပြောပဲရေခဲသေတ္တာနားကိုသွားပြီးရေဘူးကိုယူမဲ့အချိန်

"Luna....ရေခဲသေတ္တာထဲကရေတွေကအရမ်းအေးတယ်။ငါရိုးရိုးရေနဲ့စပ်ပေးမယ်။ခဏလေး......"

"မလိုဘူး....ငါသောက်ချင်သလိုသောက်မယ်..."

"မနေ့ညထဲကထည့်ထားလို့အရမ်းအေးနေလို့ပါဟာ....ငါလုပ်ပေးတာမသောက်ချင်ရင်လဲ နင်သောက်ရင်ရိုးရိုးရေနဲ့ရောပြီးသောက်လိုက်နော်။ဒါလေးတော့နားထောင်ပေးပါ။"

Lunaဘာမှပြန်မပြောခဲ့ဘူး။ဒါပေမဲ့လဲ Jamesပြောတဲ့အတိုင်းသူမရိုးရိုးရေနဲ့စပ်ပြီးတော့သောက်လိုက်တယ်။

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now