Chapter 1

1.4K 23 2
                                    

Unicode

ကျွန်တော်သူနဲ့စစချင်းတွေ့တုန်းက...ကျွန်တော်မှတ်မိတယ်သူကကျောင်းစိမ်းအင်္ကျီလေးဝတ်ထားတယ်။ဆယ်တန်းကျောင်းသူလေးပေါ့။အရမ်းချစ်စရာကောင်းပြီးဖော်ရွေတယ် ယဉ်ကျေးတဲ့ကောင်မလေးတစ်ယောက်ပေါ့ ၊ လူတိုင်းနဲ့လဲတည့်အောင်နေတဲ့ကောင်မလေး။သူမနာမည်လေးက Luna တဲ့နာမည်လေးကလဲ ချစ်ဖို့ကောင်းတယ်။ ကျွန်တော်အရင်ကမြင်မြင်ချင်းအချစ်ဆိုတာကိုမယုံခဲ့ပါဘူး ဒါပေမဲ့ သူနဲ့တွေ့ပြီးမှမြင်မြင်ချင်းအချစ်ဆိုတာတကယ်ရှိမှန်းယုံသွားခဲ့ရတယ်။

သူကတော့ဆယ်တန်း Fresherလေးပေါ့။ကျွန်တော်ကတော့ဆယ်တန်းကျလို့ပြန်တက်ရတဲ့Repeaterတစ်ယောက်ပါ။ဖြစ်ချင်တော့ကျွန်တော့်မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့သူနဲ့ကသူငယ်ချင်းတွေဖြစ်နေတော့ကျွန်တော့သူငယ်ချင်းမလေးကသူနဲ့မိတ်ဆက်ပေးခဲ့တယ်လေ။

"Luna......ဘာတွေလုပ်နေတာလဲ ဒီကောင်မလေး"

"အာ.....မချစ်..Lunaကစာဖတ်နေတာပါ"

ဒီကလေးကစာဖတ်တာဝါသနာပါတာပဲ။

"အော်.....ဟုတ်ပါပြီဟုတ်ပါပြီ။အခုLunaအားရဲ့လား"

"အားပါတယ်......မချစ်ရဲ့...ဘာပြောမလို့လဲ"

"မချစ်ကမိတ်ဆက်ပေးမလို့ပါ.....ဟဲ့Jamesလာလေ"

"အေးအေး......လာပြီ......လာပြီ။"

"မချစ်......သူကဘယ်သူလဲ ၊ မချစ်ရဲ့ ဟို........."

"ပေါက်ကရတွေပြောပြန်ပြီဒီကလေးမကတော့ ၊ ဒါကမချစ်ရဲ့သူငယ်ချင်းသူနာမည်က James Henry တဲ့မှတ်ထားနော်"

"ဟုတ်.....မချစ် ၊ သူကကော ဒီအခန်းကပဲလား"

"ဟုတ်တယ် Lunaလေးရေ သူကလဲ မချစ်တို့ရဲ့အခန်းထဲကပဲ ၊ မချစ်လိုပဲပေါ့ ဟီး....ဟီး"

"ဟဲ့.....နင်ဘာတွေလျှောက်ပြောနေတာလဲ....ဆယ်တန်းကျတာကိုတော့ဂုဏ်ဖော်ပြီးပြောမနေနဲ့လေဟာ"

"ဟဲ့...အရူးကောင်တစ်ယောက်အကြောင်းတစ်ယောက်သိမှသူငယ်ချင်းဖြစ်မှာပေါ့ဟ။နင်ကတော့‌လေ....ဒါလေးတောင်မသိဘူးလား။"

"နင်ကဆယ်တန်းကျတာကြီးကိုဂုဏ်ဖော်ပြီးပြောနေလို့ငါကပြောနေရတာဟ"

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)जहाँ कहानियाँ रहती हैं। अभी खोजें