Chapter 3

709 32 2
                                    

Unicode

Jamesတစ်ယောက်စိတ်မအေးနိုင်ဖြစ်နေတယ်။သူ့ရဲ့မိဘတွေကိုအရမ်းကိုစိတ်ပူနေတယ်။Lunaကလဲသူ့ကိုနှစ်သိမ့်ပေးနေခဲ့တယ်။ခဏလောက်ကြာတော့သူတို့နှစ်ယောက်စလုံးမျှော်နေတဲ့ဆရာဝန်ခွဲစိတ်ခန်းထဲကထွက်လာပါပြီ။

"ဆရာ....ကျွန်တော့.....ကျွန်တော့...မိဘတွေအခြေအနေဘယ်လိုလဲဆရာ....ဘာမှမဖြစ်ဖူးမလားဆရာ..."

"ပြောရမှာတော့စိတ်မကောင်းပါဘူး။မင်းရဲ့အမေကဆေးရုံရောက်ရောက်ချင်းပဲဆုံးသွားတာ။မင်းရဲ့အဖေကိုလဲဒေါက်တာ‌တို့အသက်ကယ်ခဲ့ပါသေးတယ်။ဒါပေမဲ့သွေးထွက်အရမ်းလွန်သွားတော့။ဒေါက်တာတို့အသက်မကယ်လိုက်နိုင်ဘူး။စိတ်မကောင်းပါဘူးကွာ။"

"မဟုတ်ဘူး...ကျွန်တော့မိဘတွေဘာမှမဖြစ်ရဘူး....ဘာမှမဖြစ်ရဘူး...Luna...ငါ့မိဘတွေဆုံးပြီးတဲ့....အဲ့ဒါ...အဲ့ဒါအမှန်မဟုတ်ဖူးမလားဟင်....မဟုတ်ဖူးလို့ပြောလိုက်ပါ..."

"Jamesစိတ်ထိန်း...ဒေါက်တာတို့လဲ အကောင်းဆုံးကြိုးစားခဲ့ပေးတာပါပဲ....နင်ဒါကိုလက်ခံရမယ်လေ။"

"မဟုတ်ဖူး....ဒါငါအိမ်မက်မက်နေတာ....ငါ့ကိုရိုက်လိုက်စမ်းငါ့ကိုရိုက်လိုက်ပါ.....ငါအိမ်မက်ကနေအမြန်နိုးချင်နေပြီ...ရိုက်လိုက်ပါ။"

"James....စိတ်ထိန်းပါအုံးဟာ။နင့်အနားမှာအန်တီတို့ဦးလေးတို့မရှိတော့ပေမဲ့ငါ့ရှိသေးပါတယ်။နင်ငိုချင်လိုချလိုက်စိတ်ထဲကြိတ်မထားနဲ့ငိုလိုက်ရင်ပေါ့သွားမှာ။"

Jamesတစ်ယောက်မျက်ရည်တွေစီးကျလာတယ်။သူ့ရဲ့မိဘနှစ်ယောက်စလုံးကိုတစ်ပြိုင်နက်ထဲဆုံးရှုံးလိုက်ရတာကသူ့အတွက်အိမ်မက်ဆိုးတစ်ခုဖြစ်နေတယ်။

"မဟုတ်ဖူး...မဟုတ်ဖူး...ငါအိမ်မက်မက်နေတာ....အိမ်မက်...."

သူပြောနေရင်းကမ္ဘာကြီးးနဲ့အဆက်အသွယ်ပျက်သွားခဲ့တယ်။

"James......Jamesသတိထားပါအုံး။လာကြပါအုံးဒီမှာလူတစ်‌ယောက်ကမူးလဲသွားလို့လာကြပါအုံး။

သူ့မိဘတွေဆုံးပြီးနောက်ပိုင်းမှာJamesကအရမ်းပြောင်းလဲလာခဲ့တယ်။အရင်ကဆိုရင်ဆေးလိပ်ဆိုအနံ့တောင်မခံတဲ့သူအခုတော့ဆေးလိပ်တွေကိုနှစ်သက်လာတယ်။အရက်ဆို ပွဲတစ်ချို့တစ်‌လေမှသောက်တတ်တဲ့ကောင်လေးကနေ့တိုင်းနီးပါးအရက်သောက်လာခဲ့တယ်။

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now