Chapter 2

810 28 0
                                    

Unicode

ကျွန်တော်ရင်တွေအရမ်းပူနေပြီဗျာ။သူကလဲ ဖုန်းမကိုင်ဘူး ကားလမ်းတွေကလဲပိတ်နေတယ်။ဘယ်လိုလုပ်ရပါ့မလဲ။

တဖြည်းဖြည်းနဲ့သူမပြောခဲ့တဲ့ Zero Club ကိုရောက်လာတယ်။ရောက်တာနဲ့တစ်ပြိုင်နက်သူ့ကိုကျွန်တော် အသည်းအသန်လိုက်ရှာနေမိတယ်။သူ့မကိုမတွေ့ခဲ့ဘူးအဲ့ဒါနဲ့ပဲကျွန်တော်Clubကwaiterလေးတစ်ယောက်ကိုမေးလိုက်တယ်။

"ညီရေဒီမှာလေ ဒီဓာတ်ပုံထဲကကောင်မလေးကိုမြင်မိလားမသိဘူး"

"အဲ့အမ....အဲ့အမကခုနတုန်းကမူးနေတာလားမသိဘူးမျက်လုံးတောင်မဖွင့်ဘူး ၊ သူ့ဘေးနားကအကိုတစ်ယောက်ကသူမူးနေတယ်ဆိုပြီးတော့အခန်းတစ်ခန်းငှားသွားတာတော့မြင်လိုက်မိတယ်။"

"သူဘယ်အခန်းငှားသွားတာလဲ.....တစ်ချက်လောက်ပြောပြပေးပါလား....အရေးကြီးလို့ပါဗျာ။"

"အကိုရယ်တောင်းပန်ပါတယ်....ကျွန်တော်တို့ကအဲ့လိုပြောပြပေးလို့အဆင်မပြေလို့ပါ။"

"ကျေးဇူးပြုပြီးတော့သူဘယ်အခန်းငှားသွားလဲဆိုတာမေးပေးပါကွာဒီညမလေးကအကို့ညမလေးမလို့ပါ။ကျေးဇူးပြုပြီးတော့‌...မေးပေးပါ။"

"အကို‌ခဏစောင့်နေကျွန်တော်ရမရသွားမေးကြည့်လိုက်မယ်။"

"ကျေးဇူးပါငါ့ညီရာအကို့ကိုတစ်ချက်လောက်ကူညီပေးပါအုံး"

Waiterလေးသွားပြီးတော့ခဏအကြာမှာပြန်ရောက်လာခဲ့တယ်။

"အကိုအခန်းနံပါတ် 206ကိုသွားတာပါတဲ့"

"ကျေးဇူးပါငါ့ညီရာ"

ကျွန်တော့ရဲ့မြတ်နိုးသူလေးရှိရာအခန်းကိုလိုက်သွားခဲ့တယ်။အခန်းတွေကိုရှာရင်းရှာရင်းနဲ့ဟော...တွေ့ပါပြီကျွန်‌တော်ရှာနေတဲ့အခန်းနံပါတ် 206။ကျွန်တော်တံခါးကိုမဖွင့်မချင်းခေါက်နေတယ်။ခဏကြာတော့ သူမရဲ့ကောင်လေးကထွက်လာခဲ့တယ်။ကျွန်တော်သူထွက်လာတာနဲ့ချက်ချင်းပဲသူ့မျက်နှာကိုထိုးလိုက်တယ်။

"လူစိတ်မရှိတဲ့ကောင်....Lunaကတော့မင်းကိုချစ်လိုက်ရတာ။မင်းကတော့သူ့ကိုတန်ဖိုးမရှိတဲ့သူလိုဆက်ဆံတယ်။သူသိရင်ဘယ်လောက်ဝမ်းနည်းလိုက်မလဲ။"

အချစ်ကြောင့်ဖြစ်ပေါ်လာသောအမှားတစ်ခု(Complete)Where stories live. Discover now