နှုတ်ခမ်းတွေကိုလက်ဖြင့်အုပ်ကာ
စစနောက်နောက်ရယ်မောဖြေတော့
မေးသည့်သူများသည်ယောင်ယမ်းလိုက်ရယ်ပေး
နေရသည်။သူရယ်တာကိုလိုက်မရယ်ဘဲ
ဘယ်သူမနေရဲ။စိတ်ထဲကလုံးဝမပါကြသော်ငြား
JeonJungkook ဖြစ်နေလို့ကိုရယ်ပေးရသည်။
စိတ်ညိုသွားရင် မီးတောက်လေ။

"အောင်မြင်မှုတွေအများကြီးထိခိုက်သွားတဲ့
အပေါ်ရော ......"

"Celebrity တိုင်းလိုလိုရင်ဆိုင်ရတဲ့
အခြေအနေတစ်ခုမှာJeonJungkook
ဖြစ်လို့အောင်မြင်မှုအထိကိုသက်ရောက်ကုန်တာ
လားမသိဘူး ကျွန်တော်တော့ ဘာတစ်ခုမှ
ခုထိမထိခိုက်ဘူးထင်ပါရဲ့ခုLiveကိုကြည့်
နေတဲ့ ပရိသတ်Million ချီကအသက်လေ
နော်......"

တိုက်ရိုက်Liveနေတာကိုသူသိရက်နဲ့
ဘာလို့ကန့်လန့်တွေချည်းဖြေနေရတာလည်း
ဆိုရင်လည်းJeonJungkook ဖြစ်နေလို့ပဲ။

"ဟုတ်ကဲ့ ခုလိုဖြေကြားပေးတာ
ကျေးဇူးတင်ပါတယ်ရှင်..."

"ဖြေလို့ကောင်းလွန်းတဲ့မေးခွန်းလေး
တွေမေးပေးတာလည်း ကျေးဇူးပါဗျာ..."

ပြောပြီးပြီးချင်း Cameraတွေ ရှေ့ကချက်ချင်း
ထွက်ခွါတော့ မန်နေဂျာဖြစ်သူသည်
အနက်ရောင်Coatအရှည်တစ်ထည်ကိုလွှမ်းခြုံ
ပေးကာသူ့ခြေလှမ်းတွေကိုမှီအောင်လိုက်လှမ်း
ပေမယ့်မလွယ်ကူခဲ့။

"အဲ့မီဒီယာတွေအားလုံးကိုမှတ်ထားပေး
ပြဿနာတက်လို့ကြောက်လို့ရှောင်ပြေးနေတယ်
ထင်မှာစိုးလို့ တစ်နိုင်ငံလုံးဖိတ်သမျှပွဲအကုန်
ပတ်တက်နေတာကို လွှတ်မထားနိုင်ကြဘူး
လူကိုငြိုငြင်အောင်သိပ်လုပ်ကြတာပဲ...."

"နောက်ပွဲတွေ အင်တာဗျူး ရှောင်ထားပေးပါ့မယ်"

"မလိုဘူး...Hotelပြန်မယ် ညစာကို
တရုတ်စာကောင်းကောင်းလေး...."

"အိမ်က ဖုန်းဆက်တယ် မင်းသား"

တိခနဲရပ်သွားသောခြေလှမ်းတွေနှင့်
ပြန်လှည့်ကြည့်လာသောအကြည့်တစ်ချက်။
ကျောရိုးထဲစိမ့်ခနဲ။ဘာမှအမှားမလုပ်ထားရင်
တောင်သူကြည့်ရင်အသက်ပင်ရဲရဲမရှူရဲတော့ပါ။

NERVEUX WINEحيث تعيش القصص. اكتشف الآن