အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။

Start from the beginning
                                    

"မင်းမိန်းကလေး အသွင်ဆောင်တုန်းက သုံးခဲ့တဲ့ သား‌မွေးကော်လံနဲ့ ခေါင်းစည်းကို ကိုယ်တို့ ယူလာခဲ့သင့်တယ်" ကုဖေးတိက ပြောသည်။

"ယုန်အမွေးက ပေါ့ပါးပြီး ပါးလွှာပေမယ့် နွေးထွေးမှုကို ထိန်းထားနိုင်တုန်းပဲ"

စုယန်က ပြုံးလိုက်၏။

"ငါ့ရဲ့မိန်းကလေးအသွင်ကို လွမ်းနေသေးတာလား?"

ကုဖေးတိက ကူကယ်ရာမဲ့စွာ ရယ်မောရင်း ခေါင်းယမ်းလိုက်လေ၏။

နာရီဝက်လောက် အနားယူပြီးနောက် နှစ်ယောက်သား လက်ချင်း မြဲမြဲတွဲကာ ခရီးဆက်လာခဲ့ကြသည်။

ကုဖေးတိ၏ နွေးထွေးသော အတွင်းစွမ်းအား အကူအညီဖြင့် စုယန်၏ခန္ဓာကိုယ်အတွင်းရှိ
အအေးဓာတ်သည် များစွာ သက်သာရာ ရသွားခဲ့သည်။ ဤသို့ဖြင့် သူသည် သတိကပ်စွာဖြင့် တောင်ပေါ်သို့ ဆက်လက်ခရီးဆက်နိုင်ခဲ့ပေ၏။

တောင်ပေါ်ရှိ ရာသီဥတုမှာ လေပြင်းထန်သည်။

မည်းမှောင်ပြီး ထူထပ်သော တိမ်စိုင်ကြီးများမှာလည်း လေနှင့်အတူ တဖြည်းဖြည်း စုရုံးလာကြလေသည်။

သိပ်မကြာခင်မှာပင် နေရောင် တောက်ပစွာ ထွန်းလင်းနေသေးသော တောင်ခြေရင်းမှ နှင်းပွင့်လေးများသည် ကောင်းကင်ယံထက် လွင့်ပျံလာတော့သည်။

လေနှင့် နှင်းများကြားတွင် စုယန်သည် ရွှေရောင်အလွှာဖုံးလွှမ်းနေသော တောင်ခြေရင်းရှိ တောအုပ်များနှင့် ရွာငယ်များကို ငုံ့ကြည့်ကာ အံ့သြမဆုံးဖြစ်ခဲ့ရသည်။

အချိန်အတန်ကြာ ငေးမောမှင်သက်နေပြီးနောက် လေထဲမှ နှင်းပွင့်များကို ဖမ်းဆုပ်ရန် လက်ကို ဆန့်တန်းလိုက်လေသည်။ သူသည် လက်ဖဝါးထဲသို့ ကျလာသော နှင်းပွင့်ကလေးများ ရေစက်အဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ရေရွတ်လာပါ၏။

"အခုချိန် ဒီမြင်ကွင်းကို မှတ်တမ်းတင်ထားနိုင်ဖို့ ကင်မရာတစ်လုံးလောက် လိုချင်လိုက်တာ"

ကုဖေးတိက သူ့ကို အနောက်မှ ပွေ့ဖက်လိုက်ပြီး ပြောလာသည်။

"မင်းမှာ ရှုခင်းကိုကြည့်ဖို့ ခွန်အားတွေ ရှိနေတုန်းပဲနော်။ မအေးဘူးလား?"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now