ရှောင်ကျန့် : "....."

"ဒါဆို လွန်ခဲ့တဲ့သုံးနှစ်က ဟန်းနီးမွန်းခရီးထွက်တဲ့အချိန်မှာ သူအာဏာတတ်မသိမ်းသွားဘူးလား"

"သူလုပ်ချင်ရင်တောင် လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးလေ....အခု ကိုယ့်ဇနီးလေးကြောင့် တိုင်းပြည်က အရင်တုန်းကထက် အများကြီးတိုးတတ်လာတဲ့အပြင် လူတိုင်းက ကိုယ်တို့နှစ်ယောက်အပေါ် အရင်ကထက်ပိုပြီး ယုံကြည်အားကိုးလာကြတယ်....အရေးကြီးဆုံးအချက်က အရင်အမတ်ချုပ်ဟောင်း ကိစ္စမှာ သူပါတဲ့အကြောင်းကိုယ်သိနေမှန်းကို သူ မတော်တဆ သိသွားတယ်....ဒါကြောင့် မဖြစ်မနေ လုပ်ကြံရတဲ့အခြေအနေကိုစိုက်ရောက်သွားတာ"

အိုး....သူ့ယောက်ျားက အကုန်သိနေတာပဲ။အင်အားကြီးလိုက်တာ။

"ယောင်အမတ်ကြီးက မဖြစ်မနေမို့ လက်အောက်ခံ တိုင်းပြည်တစ်ချို့ကို သိမ်းသွင်းပြီး လုပ်ကြံတာက ထားလိုက်ပါတော့....ရွှယ်ရင်းရင်းက ဘယ်ကနေဘယ်လိုပါလာရပြန်တာလဲ"

"အဲ့ဒီမိန်းမက မင်းကိုအရမ်းမုန်းနေတာလေ"

ဝမ်ရိပေါ်၏ပယင်းရောင်မျက်ဝန်းတွေမှာရွှယ်ရင်းရင်း အကြောင်းပြောသည့်အခါတွင် နှိုင်းယှဥ်မရလောက်အောင် အေးစက်ခက်ထန်သွားသည်။ ထိုမိန်းမပျက်ကို သူသေလောက်အောင် ခုတ်ဖြတ်သတ်ပြစ်ချင်နေသော်လည်း သူ့ဇနီးလေးက ဘာကြောင့်ရယ်မှန်းမသိ ကာကွယ်ပေးနေလေသည်။ ဤသည်မှာ ဝမ်ရိပေါ်ကို အလွန်အမင်း သဝန်တိုချဥ်စုတ် လွန်းလို့ ရူးတော့မလိုတောင်ခံစားရစေသည်။

"ယောင်အမတ်ကြီးက သူနဲ့ပူးပေါင်းနိုင်မယ့်လူကို လိုက်ရှာပေမယ့် ဘယ်သူကရော ကိုယ်တို့ကိုလုပ်ကြံဖို့ စဥ်းစားရဲပါ့မလဲ....ကိုယ်တို့နဲ့ရန်ငြှိုးရှိပြီး မုန်းတီးတဲ့သူဆိုလို့ ပြီးခဲ့တဲ့သုံးနှစ်အတွင်း မင်းလွှတ်ပေးလိုက်တဲ့ အဲ့ဒီမိန်းမ ပဲရှိတာလေ....ဒါ့အပြင် ရွှယ်အမတ်ကြီးနဲ့လည်းရန်ငြှိုးနည်းနည်းရှိနေတော့ သူ့အချစ်ဆုံးသမီးကို အသုံးချတဲ့သဘောမျိုး...."

"အော်....ယောင်အမတ်ကြီးက ဘယ်လိုစည်းရုံးလိုက်တာလဲ"

ရိပေါ်၏ မျက်နှာမှာ ပိုမိုဆိုးရွားသွားသည်။ သူ့ဇနီးလေးရှေ့မှာမူမပျက်ချင်၍ အတတ်နိုင်ဆုံးထိန်းသိမ်းထားပါသော်လည်း ကြောက်မက်ဖွယ်ရာ လူသတ်ငွေ့တွေ သိပ်သည်းတတ်လာသည်ကို ထိန်းမရပေ။

system 091 Where stories live. Discover now