Final

600 44 13
                                    


အချိန်တွေကြာလာသည်နှင့်အမျှဆယ်ဟွန်းနဲ့ကိုကိုရဲ့ အချစ်ကြိုးလေးကပိုပြီးခိုင်မြဲလာတယ်။တစ်ယောက်ကိုတစ်ယောက်ဖုံးကွယ်ထားတာတွေမရှိဘဲ ချစ်သူဘဝကိုအတူကုန်ဆုံးကြတယ်။

ကိုကိုကကျောင်းပြီးသွားပေမယ့် ဆယ်ဟွန်းကတော့ နောက်ဆုံးနှစ်ဘဲရှိသေးသည်။
နှစ်ယောက်ကျောင်းပြီးသွားရင်စေ့စပ်မယ်ဆိုပြီး ပြောထားပေမယ့် ကျောင်းမှာဆယ်ဟွန်းဆီပထမနှစ်ကကောင်မလေးနှစ်ယောက် မုန့်နဲ့စာလာပေးတယ်လို့ သိသွားတည်းက စေ့စပ်မယ်တကဲကဲ။

တကယ်လည်းလူကြီးတွေခေါ်ပြီးစေ့စပ်ကြောင်းလမ်းသည်။ရုတ်တရက်ကြီးရောက်လာကြတာမို့ ဒေါ်လေးတို့လည်းအံ့သြကြရသလို ကာယံကံရှင်ဖြစ်တဲ့ဆယ်ဟွန်းတောင်မသိလိုက်။

" သားက ဆယ်ဟွန်းလေးကို စေ့စပ်ချင်တယ်ဆိုပြီးအတင်းပူဆာလို့ လာခဲ့ရတာဘဲ ညီမရေ "

" အင်းး ယူတာကယူကြမှာပါဘဲ ဒါပေမယ့် စောများစောနေသေးသလားလို့ပါ ဟွန်းနီလေးကကျောင်းတောင်မပြီးသေးဘူးလေ "

ဆယ်ဟွန်းအဒေါ်မှာ လက်မခံချင်တာမဟုတ်ဒါပေမယ့် အရမ်းစောနေသေးသည်။

" ဒေါ်လေးကလည်း ခုလိုအစောကြီးစေ့စပ်ထားမှ ဟွန်းနီကကျွန်တော်အပိုင်မှန်းသိကြမှာ "

" စီနီယာတို့အရမ်းအကဲပိုတာဘဲနော် "

အနောက်ခပ်လှမ်းလှမ်းမှာရပ်နေသော ဘက်ခ်ဟျွန်းကလှမ်းပြောလာလေတော့ တစ်အိမ်သားလုံး ပြုံးစိစိ။
မနေ့ကစေ့စပ်ကြောင်းလမ်း ဒီနေ့တော့သတင်းစာထဲပါလာသလို။
SNSမှာလည်း ကိုကိုကတင်ထားတော့ တစ်ကျောင်းလုံးအသိ။

ကိုကိုက အလုပ်ဝင်နေပြီဆိုပေမယ့် ဆယ်ဟွန်းကိုတော့ကျောင်းအကြိုအပို့လုပ်ပေးသည်။ဘေးအိမ်ကိုဝယ်လိုက်ကာ ကိုကိုတစ်ယောက်တည်းလာနေသည်။
တသ်ခါတစ်လေ ဆယ်ဟွန်းလည်းသွားအိပ်ပေးသလို ကိုကိုသူ့ငယ်ချင်းတွေလာအိပ်တဲ့အခါလည်းရှိသည်။

အဲ့နေ့တွေဆို စားကြသောက်ကြတာမို့ မနက်ဆိုဒေါ်လေးချက်ပေးတဲ့အမူးပြေဟင်းချိုသွားပေးရသည်။
ကိုကြီးနဲ့အစ်ကိုရှင်းတို့ကလည်း နှစ်ယောက်အတူခွဲနေကြပေမယ့် အိမ်ကိုပြန်ရောက်လာကာ ကိုကြီးအခန်းကိုထပ်ချဲ့ပြီးနေကြသည်။

U   R   The Only Person I Want ( Completed )Where stories live. Discover now