Part - 5

307 49 13
                                    

ဒေါက် ဒေါက် !!

" ဟွန်းနီလေးရေ ပြီးပြီလား အောက်မှာသူငယ်ချင်းတွေရောက်နေပြီ "

" ဟုတ် ဟွန်းနီဆင်းလာခဲ့မယ် ဒေါ်လေး "

မနေ့ညက ကျောင်းကဆရာလုပ်ခိုင်းထားတဲ့ အဆိုင်းမန့်ကြောင့် တစ်ညလုံးမအိပ်ဘဲလုပ်ရတာ မနက်မိုးလင်းခါနီးမှပြီးသွားလေသည်။
မနက်နောက်ကျတော့ ဂျုံအင်တို့ကသူ့ကိုပြန်စောင့်နေရသည်။

" ဟင် ဘက်ခ်ဟျွန်းရော ? "

ဧည့်ခန်းထဲ Phထိုင်သုံးနေသော ဂျုံအင်တစ်ယောက်တည်းမြင်လိုက်ရလေသည်။ဘက်ခ်ဟျွန်းသာ ပါရင် ပုံမှန်ဆို ဒေါ်လေးကိုတစ်ခုမဟုတ်တစ်ခု လုပ်ကျွေးခိုင်းနေမှာမလား။

" ဟျွန်းက သူ့အဖွားအိမ်ခဏသွားတယ် "

" ငါ့လည်းဘာမှမပြောသွားဘူး "

" အင်း ငါတောင်မနက်သွားခေါ်မှ သိရတာ "

ဘာမှမပြောသွားတဲ့ ဘက်ခ်ဟျွန်းကိုနောက်မှစိတ်ကောက်ပြဦးမယ်ဆိုကာ တွေးတောရင်း ဂျုံအင်ကားပေါ်တက်ဖို့ပြင်နေရင်း။ ဘာရယ်မဟုတ် ဘေးအိမ်လှည့်ကြည့်မိတော့ ကားသော့ကိုလက်ညိုးမှာလှည့်ရင်းထွက်လာသောစီနီယာနဲ့မျက်လုံးချင်းဆုံလေသည်။

" ကျောင်းသွားတော့မှာလား ကောင်လေး "

" ဟုတ် "

စီနီယာကခေါင်းလေးငြိမ့်ပြကာ ကားပေ့်တက်ပြီးမောင်းထွက်သွားလေသည်။ကျောင်းမသွားခင် စီနီယာအသံလေးနဲ့မနက်ခင်းအစပြုလိုက်ရတာမို့ ဆယ်ဟွန်းတစ်နေ့တာက ပျော်ရွှင်ခြင်းတွေနဲ့ဘဲ တွေ့ကြုံရတော့မယ်ထင်ပါတယ်။

" ပြုံးမနေနဲ့ ပထမချိန်ကအရေးကြီးတယ်ကွ တက်တော့ "

" အေးပါ "

ဘေးကထွက်လာတဲ့ ခပ်ဆောင့်ဆောင့်စကားကြောင့် ဆယ်ဟွန်းရဲ့ကြည်နူးနေတဲ့အရှိန်လေးပျက်သွားရသည်။ဒီဂျုံလုံးကောင်ကတော့လေ။

ချန်းယောလ် ဒုံဝူနဲ့အတူ အပြင်ခဏသွားပြီး ကျောင်းထဲပြန်ဝင်လာတော့ ကောင်လေးကိုတွေ့လိုက်ရသည်။လက်ထဲအအေးဘူးလေးတစ်ဘူးကိုင်ထားရင်း စာဖတ်နေလေသည်။
ဒုံဝူကိုအရင်သွားခိုင်းပြီး အနားသွားစကားပြောဖို့ လုပ်ပေမယ့် ကောင်လေးဘေးနားသူငယ်ချင်းဖြစ်သူက ထိုင်လိုက်တာတွေ့လိုက်ရတာမို့ အဆောင်ထဲဘဲဝင်သွားလိုက်တော့သည်။

U   R   The Only Person I Want ( Completed )Where stories live. Discover now