Part - 4

343 52 16
                                    

ချန်းယောလ်ဒီနေ့တွဲနေတဲ့ ကောင်မလေးနဲ့ကုန်တိုက်မှာပြဿနာတက်လာတာမို့ မနေ့ကဘဲစတွဲတယ် ဒီနေ့ဖြတ်လိုက်ပြီ။
ဟိုတစ်ခါ ကန်တင်းမှာသူနဲ့ဝင်တိုက်မိတဲ့ ကောင်လေးကိုကားပါကင်မှာ ပြန်တွေ့တော့ အကြည့်ချင်းဆုံပြီးနောက် လှည့်ထွက်လာခဲ့သည်။

ကုန်တိုက်ကအကျယ်ကြီးဆိုပေမယ့်လည်း တစ်နေရာထဲမို့ ဟိုကောင်လေးနှင့်သူ့သူငယ်ချင်းလို့ထင်ရတဲ့ တစ်ယောက်နဲ့ ရယ်မောရင်း ဈေးဝယ်နေတဲ့ပုံရိပ်တွေက ချန်းယောလ်မျက်ဝန်းရှေ့ရောက်ရောက်လာလေသည်။မကြည့်မိအောင်နေပေမယ့်လည်း လိုက်ရှာနေခဲ့သည်မှာအမှန်။

ဘယ်လောက်များစိတ်ဝင်စားမှူများသွားလဲဆို တွဲနေတဲ့ကောင်မလေးနဲ့အတူအဝတ်အစားကြည့်နေရင်း သူ့ရှေမြင်ကွင်းမှာ ကောင်လေးကသူ့သူငယ်ချင်းခေါ်ရာမုန့်တန်းဘက်ပါသွားတာကို မြင်လိုက်သည်နှင့် ချန်းယောလ်လည်းတွဲနေတဲ့သူကိုတောင်သတိမရတော့ဘဲ တစ်ယောက်တည်းထားခဲ့ကာ လိုက်သွားမိသည်အထိပင်။

ဒါကိုကောင်မလေးကစိတ်ဆိုးပြီး လာပွားနေတာမို့ ဖြစ်ချင်ရာဖြစ်ဆိုကာ ပြတ်ပြီပြောပြီး ထွက်လာခဲ့လိုက်တော့သည်။ချန်းယောလ်ဆိုသည်မလည်း အာရုံစားတာ သူ့ကိုချုပ်ချယ်တာမကြိုက်တဲ့သူမို့ ချုပ်ချယ်လာခဲ့ရင်ဝေးဝေးကကိုရှောင်သည်။

အဖေကလည်း အိမ်ကိုလာခဲ့တော့ဖိုPhဆက်လာတော့ ချန်းယောလ်ပြန်လာခဲ့လိုက်တော့သည်။

ရပ်ကွက်ထဲရောက်တော့ ကားကိုဖြေးဖြေးချင်းမောင်းပြီးဘေးဘက်တွေကြည့်မိသည်။
လလောက်ဘဲနေမှာဆိုပေမယ့်လည်း ကြာတာတော့ကြာမှာမလား။
လမ်းမမှာ လူသွားများနေတာမို့ ဖယ်ပြီးမောင်းလို့ကလည်းမရ။စိတ်ကလည်းမရှည်တာမို့ ဟွန်းတီးလိုက်တော့မှ ဘေးကပ်သွားကြလေသည်။

အိမ်နံပါတ်လိုက်ရှာတော့ ခဏလေးအတွင်းတွေ့သည်။မနက်ကအခန်းအတွက်ဝယ်လာတဲ့ ပစ္စည်းတွေ အနောက်ခန်းမှာထားတာမို့ ယူရင်း အနောက်မှန်ကိုကြည့်လိုက်တော့ ဟိုကောင်လေးဖြစ်နေသည်။

အထုတ်တွေကိုင်ရင်း ရေခဲချောင်းလေးစားကာ လျှောက်လာပြီး ချန်းယောလ်တို့ဘေးအိမ်ရှေ့မှာရပ်သည်။သူ့အိမ်များလား။ရေစက်ကတော့ တကယ်ရှိတယ်ထင်ပါတယ်။ကောင်လေးက သူ့တို့အိမ်ကိုလည်းစပ်စုနေသေးသည်။

U   R   The Only Person I Want ( Completed )Where stories live. Discover now