Part - 22

320 35 13
                                    

ကျောင်းပိတ်တဲ့တစ်ရက်မှာ ကိုကိုက သူအရင်နေခဲ့အိမ်ကိုလိုက်ပြသည်။အိမ်ကပြန်ပြင်နေတာပြီးသွားပေမယ့် ကိုကိုက ဆယ်ဟွန်းအနားနေချင်သေးတာမို့ ကျောင်းပြီးမြှပန်ပြောင်းမယ်လို့ မိဘတွေကိုပြောထားပါသည်တဲ့လေ။

မုန့်လုပ်ကျွေးမယ်ဆိုကာ ဝယ်လာတဲ့ပစ္စည်းတွေသယ်ကာ အိမ်ထဲဝင်တော့ ကိုကိုက သူ့ကိုဧည့်ခန်းမှာထားခဲ့ပြီး မီးဖိုချောင်ထဲဝင်သွားလေသည်။ဧည့်ခန်းထဲမှာတော့ မိသားစုဓာတ်ပုံအကြီးကြီးကို ချိတ်ထားသည်။
အဲ့ထဲမှာ ကိုကိုက အထက်တန်းကျောင်းသားအရွယ်သာရှိသေးသည်။

" မုန့်တွေက အိမ်ပတ်လည်ပြီးရင် လုပ်ကြတာပေါ့ "

" ဟုတ် "

လူကုံထံအသိုင်းအဝိုင်းထဲကမို့ အိမ်နားကတိတ်ဆိတ်သည်။ဆယ်ဟွန်းတို့အိမ်လိုဘဲ တောင်ကုန်းပေါ်မှာရှိတာမို့ မြို့တစ်ခွင်ကိုကောင်းကောင်းမြင်ရသည်။
ကိုကို့အခန်းထဲဝင်တော့ ကိုကိုကသူ့ပစ္စည်းတွေတစ်ခုချင်းစီ လိုက်ပြပြောပြသည်။

" ထမင်းစားချိန်ရောက်နေပြီ မုန့်အရင်သွားစားကြတာပေါ့ "

Ring ~~~

မုန့်အတူလုပ်ကြရင်း ကိုကိုကအမှိုက်သွားပစ်နေတာမို့ phလာသည်ကိုကြည့်ကြည့်တော့ အဖွားလို့ရေးထားတာတွေ့လိုက်သည်။
အပေါက်ဝလှမ်းကြည့်ပေမယ့် ကိုကိုက ခုထိဝင်မလာသေး။

" ဟယ်လို~~ "

" မြေးချန်းယောလ်မဟုတ်ဘူးလား "

" ဟုတ်ပါတယ် ... ခဏလေးပါနော် သူလာနေပြီ "

phကိုင်ကာ ကိုကို့အနားသွားကာ အဖွားphလို့ပြောပြီးပေးလိုက်သည်။

" အဖွား ... ထူးထူးဆန်းဆန်းphဆက်လို့ပါလား "

" ..... "

"အိမ်မှာပါ ခုဏကကိုင်တာ ကျွန်တော့် ရည်းစားလေ "

စားပွဲပေါ်ပန်းကန်တွေချရင်း ကိုကိုပြောလာတဲ့စကားကြောင့် ဆယ်ဟွန်းမှာရှက်လာရသည်။အဖွားဖြစ်သူကို အဲ့လိုချက်ချင်းကြီးပြောရသလား။ဟိုက လန့်သွားရင်ဘယ်လိုလုပ်မလဲ။ကိုကို့မိဘက လက်ခံရင်တောင် ကိုကို့ကိုအရမ်းချစ်တဲ့ အဖွားက လက်ခံပေးပါ့မလား?။

U   R   The Only Person I Want ( Completed )Where stories live. Discover now