Part - 23

315 40 3
                                    

အိမ်ပြန်လမ်းမှာတော့ ဆယ်ဟွန်းတို့ကားလေးထဲ လူလေးယောက်ရှိတာမှာလေးယောက်လုံးတိတ်ဆိတ်နေကြသည်။
ရေဒီယိုက သီချင်းအေးအေးလေးလာနေပေမယ့် ဆယ်ဟွန်းလက်ကိုဆုပ်ကိုင်ထားသောကိုကိုလက်တွေကတော့ တင်းကျပ်နေသည်။

ဂျုံအင်ကကားကိုအမြန်မောင်းထွက်သွားတာမို့ နှူတ်ဆက်ချိန်တောင်မရလိုက်။
ကိုကိုကလည်း မျက်နှာမကောင်း။

" ကိုကို  "

" ဟွန်း ကိုယ်ပြောစရာရှိတယ် "

သူမပြောခင်ဖြတ်ပြောလာကာ အိမ်နားကအုတ်ခုံလေးမှာအတူထိုင်စေသည်။

" ညနေက ကိုယ် ရယ်ဂျင်းနဲ့အတူလိုက်သွားတာ ဆရာတစ်ယောက်ခေါ်လို့မဟုတ်ဘူး "

ချန်းယောလ်ပြောပြတော့ ဟွန်းမျက်နှာလေးကအောက်ငုံ့ထားလေသည်။ဆုပ်ကိုင်ထားသော ချန်းယောလ်လက်ကိုလွှတ်ချင်သယောင်ယောင်။

" ကိုယ်ဟွန်းကိုအမှန်အတိုင်းမပြောဘူးဆိုတာက ဟွန်းစိတ်ထဲတစ်မျိုးဖြစ်သွားမှာဆိုးလို့ပါ ဒါကြောင့်ကိုယ်လိမ်ခဲ့တာ ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား "

" ကျွန်တော်သိပါတယ် "

" ဟင်! ဘာကိုလဲ? "

" သူကပြောသွားတယ် ကိုကိုနဲ့အတူဒီနေ့တစ်နေ့တော့ အတူကုန်ဆုံးချင်တယ်တဲ့ ကျွန်တော်ဆီက ခွင့်တောင်းသွားတယ် "

ပြောပြတော့မှ ဟွန်းကနားလည်ပေးပါတယ်ဆိုတာကြောင့် ချန်းယောလ်လည်းစိတ်ထဲအလုံးကြီးခုမှကျသွားတော့သည်။
မပြောဘဲနေမိရင် ကင်မ်ဂျုံအင်ဆီကအထိုးခံရမဲ့ကိန်း။

မပြောပြချင်ဘူးဆိုတာကလည်း ဒါဟာ ဟွန်ူအတွက်။နဂိုတည်းက ချန်းယောလ်နဲ့ပတ်သက်ရင် ချုပ်တည်းနိုင်စွမ်းနဲ့သည်းခံနိုင်စွမ်းကဘယ်သူမှမမှီ။ချန်းယောလ်ကို ချစ်တဲ့စိတ်နဲ့အရာအားလုံးကိုနားလည်ပေးနေတာ။

" ဟွန်းနီရေ ပြီးပြီလား? "

" ဟုတ် ပြီးပြီဒေါ်လေး "

ဒီနေ့ကိုကြီးတို့ဆေးရုံမှာဂုဏ်ပြုပွဲအခမ်းအနားရှိတာမို့ တစ်မိသားစုလုံး သွားကြရသည်။ကိုကြီးကတော့မနက်အစောတည်းက အစ်ကိုရှင်းလာခေါ်လို့ပါသွားပြီ။
အောက်မဆင်းခင် ဘေးပြတင်းပေါက်ဖွင့်ကြည့်တော့ ကိုကို့အခန်းပြတင်းကပိတ်ထားတုန်း။

U   R   The Only Person I Want ( Completed )Where stories live. Discover now