Part - 10

306 47 10
                                    

မနက်7ခွဲလာခေါ်မယ်ဆိုတဲ့ စီနီယာကြောင့် မနက်စာအစောစားကာ စောင့်နေပေမယ့် 7:15 ဖြစ်နေပြီ စီနီယာရဲ့အရိပ်ယောင်တောင်မတွေ့ရသေးပါ။အပေါ်ပြန်တက်ကာ ပြတင်းပေါက်က ကြည့်ပေမယ့်လည်း စီနီယာအခန်းကတံခါးမဖွင့်သေး။
မေ့များမေ့နေပြီလား။ဒါမှမဟုတ် သူ့ကိုများခေါ်ဖို့မေ့သွားတာလား။

" ဟိုကောင်လေး လာတော့ "

ဟိုဘက်ခြံထဲချောင်းနေရင်း အိမ်ရှေ့ကခေါ်သံကြောင့် ကြည့်လိုက်တော့ စီနီယာ။
ကားပေါ်ရောက်လို့ ခါးပတ်ပတ်ပြီးတာနဲ့ ကားကိုတရှိန်ထိုးမောင်းသွားတာမို့ ဆယ်ဟွန်းမှာခါးပတ်ကြိုးကိုတင်းနေအောင်ကိုင်ထားရသည်။

မီးပွိုင့်မိနေတုန်း စီနီယာမျက်နှာကိုခိုးကြည့်တော့ ဘာတွေစိတ်တိုနေလဲမသိ မျက်ခုံးနှစ်ခုကျုံ့ထားပြီး နှူတ်ခမ်းကလည်းဆူထားသေးသည်။နှူတ်ခမ်းဆူပြီး စိတ်ဆိုးနေတဲ့ စီနီယာက ဆယ်ဟွန်းမျက်လုံးထဲမှာတော့ ကလေးတွေနဲ့ မုန့်လိုက်လုလို့ မရလိုက်တဲ့အကြီးတန်းကျောင်းသားလေးနဲ့တူနေသည်။

" အဟီး "

စိတ်ထဲကအတွေးကအပြင်ဘက်မှာပါ ထွက်ရီမိတော့ စီနီယာကသူ့ကိုလှည့်ကြည့်လာတာမို့ ဘေးဘက်ကိုအမြန်လှည့်လိုက်ရသည်။

ဂျုံအင်တို့ကသူတို့ပါရောက်နေပြီဆိုတော့ စီနီယာလည်းကားရပ်ရာနေရာမှာရပ်လိုက်တော့ ဆယ်ဟွန်းကသွားဖို့ပြင်နေတုန်း အစ်ကိုရှင်းကအနားရောက်လာ တော့သည်။

" ဆယ်ဟွန်း မဲအတွက်ဆရာကိုလာကူပေးဦး "

" ကျွန်တော်လည်း လိုက်မယ် "

အစ်ကိုရှင်းနောက်လိုက်ဖို့ပြင်နေတုန်း စီနီယာကဆယ်ဟွန်းလက်ကို ဆွဲယူကာ သူ့ဘေးနားကပ်လိုက်ပြီး ထပြောလေသည်။

" တစ်ယောက်တည်းဆို ဘယ်လိုလုပ်မြန်မြန်ပြီးမှာလဲ ကျွန်တော်လည်းလိုက်မယ် "

" အင်းရတယ်လေ လိုက်ခဲ့ "

ရီရှင်းမှာလည်း ရှေ့ကနှစ်ယောက်ကိုကြည့်ပြီး လိုက်ဖို့ပြောလိုက်သည်။

" ဘာကြောင်နေတာလဲ သွားမယ် "

အဖြစ်ပျက်တွေကိုမလိုက်နိုင်တဲ့ ဆယ်ဟွန်းတစ်ယောက် စီနီယာဆွဲခေါ်ရာနောက် ပါသွားလေတော့သည်။အစ်ကိုရှင်းနဲ့အတူ မဲချပ်တွေခေါက်နေတုန်း အရေအတွက်စစ်နေတဲ့စီနီယာကခဏခဏ ဆိုသလို သူတို့နားရောက်လာပြီး အစ်ကိုရှင်းနဲ့သူကြား ဝင်သည်။

U   R   The Only Person I Want ( Completed )Onde as histórias ganham vida. Descobre agora