Part - 15

264 47 7
                                    

" ကဲ ဆရာတို့စကြတာပေါ့ "

" ဟုတ်ကဲ့ "

ကုထုံးပြန်စတဲ့အချိန် ဆယ်ဟွန်းအတွက်နေ့ရက်တိုင်းဟာ ရင်ကိုဓားနဲ့မွှန်းနေသလို ခံစားရသည်။ကိုကိုရှေ့မရိပ်မိအောင်နေရင်း အပြုအမူတွေကိုထိန်းချုပ်ထားရသည်။
တော်သေးသည်က အဲ့အချိန်မှာကိုကိုကလည်း ကျောင်းကိစ္စ အိမ်ကိစ္စတွေနဲ့အလုပ်ရှူပ်နေလို့။

ဆရာကတော့ ဆယ်ဟွန်းအတွက်အကြီးမားဆုံးသောအတိတ်ဆိုးကြီးကိုဖျောက်ဖျက်ဖို့ ကုထုံးစပေးသည်။

ဆယ်ဟွန်းအသက် 5နှစ်မှာ အမေ့ကိုဆုံးရှူံးခဲ့ရသည်။အဖေအလုပ်ကပြန်လာချိန် ထုံးစံအတိုင်း ရပ်ကွက်ထိပ်က ကစားကွင်းမှာသားအမိနှစ်ယောက်ထိုင်စောင့်ကြသည်။
အဖေပြန်ရောက်လာတော့လည်း သူကစားနေတာကိုအဖေနဲ့အမေကခုံတန်းလေးမှာထိုင်ရင်းပျော်ပျော်ရွှင်ရွှင်ဘဲ ကြည့်နေကြတာ။

အဲ့နေ့ကမှ မုန့်စားချင်တယ်ဆိုပြီးသူပူဆာမိသည်။အဖေကသွားဝယ်မယ်ဆိုတော့ အမေကတားပြီးသူကိုယ်တိုင်သွားဝယ်သည်။
ဆိုင်ကကားလမ်းတစ်ဖက်မှာမို့ အမေ့ကိုလက်လှမ်းပြရင်း အဖေ့လက်ကိုဆွဲလွှတ်ကာအပြေးအသွား တစ်ဖက်ကားကဘရိတ်ပေါက်ကာ ဆယ်ဟွန်းစီတည့်တည့်မတ်မတ်ဝင်လာတော့သည်။

ဒါကိုမြင်တဲ့အမေက ဆယ်ဟွန်းဆီပြေးလာကာ သူခန္ဓာကိုယ်နှင့်ကာကွယ်ပေးခဲ့သည်။
သိပ်ချစ်ရတဲ့မိန်းမကို မျက်စိရှေ့မှာဆုံးရှူံးခဲ့ရတဲ့အဖေက ထိုအချိန်ကစလို့ အရက်ကိုသာအဖော်ပြုလာတော့သည်။

ဒေါ်လေးတို့ပြောလာပေမယ့်လည်းမရ။အရက်သောက်ချိန်ဆို သွေးဆိုးလာပြီးကျန်တဲ့အချိန်ဆိုရင်တော့ ဆယ်ဟွန်းကိုဂရုစိုက်ပါတယ်။နောက်ပိုင်းမှာတော့ Companyကိုလည်း မသွားတော့ဘဲ အိမ်မှာဘဲအရက်တွေသောက်တယ် မူးလာရင်ဆယ်ဟွန်းကိုရိုက်တယ်။

အဲ့နေ့ကလည်း ဆယ်ဟွန်းကိုမူးပြီးအိမ်ပေါ်ကနှင်ချတယ်။စိတ်ကျရောဂါပါရှိလာတဲ့အဖေက စိတ်မမှန်တော့ပါ။ဆယ်ဟွန်းအသံတွေဝင်မတတ် တောင်းပန်နေပေမယ့် အဖေကသူ့ကိုအလိုမရှိတော့ဘူးတဲ့။7နှစ်အရွယ်ကလေးတစ်ယောက်ဟာ သူ့အဖေမလိုချင်တော့ဘူးပြောတာကို ကြိတ်ခံရင်း အဖေများပြန်လာခေါ်မလား။
အမူးပြေရင်တော့ အရင်လိုဘဲပြန်ဖြစ်သွားမယ်အထင်နဲ့ မျက်ရည်တွေကိုလက်ဖမိုးလေးနဲ့သုတ်ရင်း ထိုင်စောင့်နေမိသည်မှာ ညမိုးချုပ်သည်အထိပင်။

U   R   The Only Person I Want ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ