ထိုမိန်းကလေးဟာ သူမရဲ့လက်ချောင်းသွယ်သွယ်တွေကိုစားပွဲခုံထက်၌ တစ်တောက်တောက်ခေါက်နေရင်းတစ်စုံတစ်ခုကိုစောင့်ဆိုင်းနေဟန်ဖြင့်သူမ မေးစေ့လေးကိုကျန်လက်တစ်ဖက်ဖြင့်ထောက်ကန်ထား၏။မက်မွန်သီးကဲ့သို့မျက်ဝန်းလှလှလေးတွေမှာ တော်ဝင်ဥယျာဥ်အတွင်းရှိ အရောင်အသွေးစုံလင်သောပန်းမျိုးစုံကတောင်နှိုင်းယှဥ်၍မရသည်အထိ မြင့်မြတ်တင့်တယ်နေလေသည်။

နှင်းဆီပွင့်ဖက်လေးတွေလိုနီရဲစိုစွတ်သည့်နှုတ်ခမ်းပါးလေးထက်တွင်အပြုံးဖျော့ဖျော့လေးတစ်ခုတည်ရှိနေသည်မှာ မြင်သူတကာကို တစ်နည်းတစ်ဖုံဖြင့်စွဲလမ်းသွားစေသည်။

ဝမ်နဥ်းကိုလမ်းပြပေးသည့် အပျိုတော်မိန်းကလေးဟာ ကြောင်တောင်တောင်ဖြင့်ဆက်ပဲသွားရတော့မလိုလို ရပ်ပြီးပဲကြည့်နေရတော့မလိိုလိုဖြစ်သွားရရှာသည်။

"ပင်းဝမ်..."

"မင်းသွားလို့ရပြီ"

အပျိုတော်မိန်းကလေးဟာ နားမလည်နိုင်ဖြစ်သွားသော်လည်းရိုရိုကျိုးကျိုးဦးညွှတ်၍ထွက်သွားသည်။ ဝမ်နဥ်း၏ခြေလှမ်းတွေမှာတုံ့နှေးခြင်းမရှိပါပဲ ထိုအလှကြီးလှလွန်းနိုင်တဲ့မိန်းကလေးဆီဦးတည်လိုက်မိသည်။အနားသို့ရောက်သည်နှင့်သူ့ရဲ့ချောမောသည့်မျက်နှာထက်တွင်အပြုံးတစ်ပွင့်ပန်ဆင်ရင်းမေးလိုက်သည်။

"မိန်းကလေး....ဒီမှာတစ်ယောက်တည်းရှိနေလား"

လျှိုကုန်းကုန်း : "....."

အပျိုတော်နှစ်ယောက် : "....."

ငါတို့ကကိုယ်ပျောက်လူသားတွေများလား။

ရှောင်ကျန့်က ကြောင်တောင်တောင်ဖြင့် မော့ကြည့်သည်။ထို့နောက်သူ့အနောက်မှာ တစ်ချိန်လုံးမတ်တပ်ရပ်နေသည့် လျှိုကုန်းကုန်းနှင့်အပျိုတော်နှစ်ယောက်ကို လှည့်ကြည့်လိုက်မိပြန်သည်။အမ်....ဒီမှာနောက်ထပ်လူသုံးယောက်ထပ်ရှိသေးတာသေချာပါတယ်။

"အဟမ်း.....ပင်းဝမ်ကိုနှုတ်ခွန်းဆက်သပါတယ်"

လျှိုကုန်းကုန်း၏ အသံကိုကြားသည့်အခါမှဒီနေရာတွင် သူ့အရှေ့ကမိန်းကလေးအပြင်နောက်ထပ်လူသုံးယောက်ရှိနေသေးမှန်းသတိထားမိသွားသည်။

system 091 Where stories live. Discover now