Ep 17 (U)

57.2K 4.6K 905
                                    

"ငြိမ်းရဲ့ ဖေဖေရော မေမေရော အဲ့ဒီလိုပဲ ဖြစ်စေချင်ခဲ့တာပဲကွ"

ချယ်ရီ့အဖေ ဦးထွန်းဝင်းက သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ငြိမ်းကိုကြည့်လာသည်...

"မဟုတ်လဲ ငြိမ်းကို ဒေါ်ဒေါ်တို့က တစ်သက်လုံးစောင့်ရှောက်သွားရမဲ့တူတူ ဒီလိုက အကောင်းဆုံးပေါ့ ငြိမ်းရယ်... ချယ်ရီကလည်း ငြိမ်းကို သံယောစဉ်ရှိတာကြောင့် လူကြီးတွေ ကောင်းသလို စီစဉ်တာကို မငြင်းပါဘူး"

ချယ်ရီ့မေမေကလည်း ဝင်ပြောသည်... ကြီးမေကတော့ မျက်နှာမကောင်းစွာနှင့် ငြိမ်းကိုပဲ ကြည့်နေတော့သည်... ငြိမ်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ချယ်ရီ့ အဖေနဲ့ အမေကို ကြည့်လိုက်သည်...

"အရင်က ကျွန်တော်နဲ့ မေမေ့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးနဲ့ ဒေါ်ဒေါ်... ဒါပေမဲ့ အခု ကျွန်တော်လည်း ကလေးမဟုတ်တော့ပါဘူး... ကိုယ့်ဟာကိုရပ်တည်နေနိုင်ပြီမို့ ဦးတို့ကိုထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး... ဒီလိုပြောလို့ ကျေးဇူးကန်းတာ မဟုတ်ပေမဲ့ ကျွန်တော်က ဦးတို့ကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မပိစေချင်တာပါ"

"မဟုတ်တာကွာ... ဦးတို့က မင်းကို ငယ်ငယ်ကတည်းက ကိုယ့်သားသမီးလိုသဘောထားလာတာပဲ... အခုကလည်း ပိုပြီး တရားဝင်ဖြစ်သွားတော့ ကောင်းတာပေါ့ကွာ"

"ဒါပေမဲ့...ကျွန်တော်က..."

"ကဲပါ...ငြိမ်းရယ်... ငြိမ်း တစ်ချိန်လုံး ဒေါ်ဒေါ်တို့ကို ကျေးဇူးတင်တယ်ပြောလာတာ... အဲ့ဒါတွေက မလိုအပ်တာပါ... တကယ်တော့ ဒေါ်ဒေါ်တို့က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါပဲ... အခု မင်း ဦးလေးက အသက်ကြီးပြီ... ကုမ္ပဏီအလုပ်တွေက နားချင်ပြီ... ချယ်ရီကလည်း သူ့ဆရာဝန်အလုပ်ကို ဘယ်လိုမှ စွန့်လွှတ်ချင်တာ မဟုတ်ဘူး... ငြိမ်းတို့ လက်ထပ်ပြီးရင် ငြိမ်းလက်ထဲပဲအပ်လိုက်တော့မှာ... အရင်က ငြိမ်းဖေဖေရဲ့ ကုမ္ပဏီကို ဝင်ကူပေးခဲ့သလိုမျိုးပေါ့ကွယ်"

ငြိမ်း မှာ ပြောစရာစကား ပျောက်ရှရပြီ... ချယ်ရီ့ အမေက ငြိမ်းကို ကျေးဇူးတရားတွေနဲ့ တစ်ဖက်လှည့်ပြီး ကိုင်ပေါက်လာချေပြီ... ငြိမ်းတို့ကို ကူညီခဲ့ဖူးသလိုမျိုး အခုသူတို့ကို ပြန်ကူညီရမည်ဟု ထုတ်မပြောရုံတမည်သာ ရှိတော့သည်...

Match Made In Clouds Where stories live. Discover now