Ep 31 (U)

42.7K 3.4K 531
                                    

ဇေယျာ ဘောင်းဘီအိတ်ကပ်ထဲမှ wallet လေးကိုထုတ်ပြီး ဓာတ်ပုံထည့်လို့ရသည့်နေရာလေးတွင် စာရွက်ခေါက်လေးတစ်ခုကို ထည့်လိုက်သည်...

ကိုအာကာ့ဆီက ရခဲ့သည့်... ရိုလာကိုစတာ လက်မှတ်လေး...

တစ်နည်းအားဖြင့် ဇေယျာရှေ့ဆက်လျှောက်ရမည့် ခရီးအတွက် ဘေးမှာ အဖော်တွေနဲ့တူတူ သွားခွင့်ရမည့် ခရီးသွား လက်မှတ်လေး...

ဇေယျာ အဆောင်ခန်းထဲရှိ ခုတင်ပေါ်လှဲလိုက်ရင်း မျက်နှာကျက်ကိုငေးနေမိသည်... တစ်နေကုန်ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးရင်း... တစ်လှပ်လှပ်ဖြစ်နေသော ရင်ဘတ်ကို သက်သာလို သက်သာငြား စောင်နှင့်ဖိထားကြည့်သည်...သို့သော်လည်း တစ်ဒုတ်ဒုတ်နှင့် လှိုက်ခုန်နေဆဲ..

နွေးထွေးသည်... ကြည်နူးရသည်...

ဇေယျာက ဦးနှောက်ကိုအလုပ်ပေးပြီး ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်တွေကို ရည်ရွယ်ချက်ရှိရှိ ပြန်ဆွဲခေါ်ဖို့ကြိုးစားသည်... ပြန်တွေးပြီး ကြည်နူးစမြုံ့ပြန်ချင်၍ ဖြစ်သည်...

"သားဇေ" တဲ့ ... သူတို့က ဇေယျာကို ခေါ်ကြသည့် နာမည်...

ဇေယျာက သိချင်သည်ကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်မေးတတ်သည့်အကျင့်ကြောင့် ဇေယျာ့ဘက်ကပဲ စတင်ပြီးတော့ မေးဖြစ်ခဲ့သည်... ဦးကြည်ညွှန်းတို့က ဖေဖေနှင့်ထားခဲ့သည့်ကတိစကားကြောင့် ဘယ်တော့မှစပြောလာမှာ မဟုတ်မှန်း ရိပ်မိရသဖြင့် ဇေယျာ ဖွင့်မေးဖြစ်ခဲ့ခြင်း ဖြစ်သည်...

"ဦးက ဖေဖေနဲ့ မေမေ့ကို မျိုးဥ လှူပေးခဲ့တဲ့သူလား"

ဇေယျာ့ အမေးကြောင့် ဦးကြည်ညွှန်းက ခဏတော့ အဝေးကိုငေးနေသည်... ထို့နောက်တွင်မှ ခေါင်းကိုညိတ်လိုက်ပြီး...

"ကိုမိုးဆွေတို့ ဇနီးမောင်နှံကို ကတိပေးထားပေမဲ့ ကာယကံရှင်က မေးလာမှတော့ ဦးကပြောပြရမှာပေါ့"

ဦးကြည်ညွှန်းဆီမှ ဇေယျာအကုန်လုံးကို သေချာလေးသိခဲ့ရသည်... ဖေဖေက ဇေယျာ့ကို လိုလိုချင်ချင်နဲ့ မိသားစုထဲကို ဖိတ်ခေါ်ခဲ့ပြီး မိတဆိုးသားလေး ဘဝမို့ အချစ်တွေအကုန်ပုံအောပေးခဲ့သည်...

Match Made In Clouds Onde histórias criam vida. Descubra agora