Ep 32 (U)

42.4K 3.2K 258
                                    

"ပေါက်ပေါက်!! ဟယ် ကြည့်စမ်း ကြည့်စမ်း အမြှီးကိုနန့်ပြီး ဆတ်စလူးထနေတာပဲ... ဒီလာခဲ့... အခုချက်ချင်း အိမ်ထဲဝင်"

ခြံထဲမှ မမဟေမာရဲ့ အသံက အိမ်ပေါ်ထပ်ထိ ပျံ့လွင့်လာသဖြင့် အာကာ ဝရံတာသို့ ထွက်ကြည့်လိုက်သည်.... ပေါက်ပေါက်က ခြံတံခါးနားတွင် အမြှီးတနှံ့နှံ့နှင့် အပြင်ထွက်ချင်လို့ တအီအီလုပ်နေသည်...

"မမဟေမာ... ဘာဖြစ်လို့လဲ"

အာကာလှမ်းအော်မေးလိုက်တော့ မမဟေမာက ခြံပြင်ကိုလက်ညှိုးထိုးပြသည်...

"ဟိုမှာလေ သူ့ဘဲကြီး ပေါက်ပေါက်ကို လာချောင်းနေတာ... အဲ့ဒါမြင်သွားပြီး ဒီမှာ ဆတ်စလူးထနေတာ"

အာကာ ခြံအပြင်ကိုလှမ်းကြည့်လိုက်တော့ ခွေးအကြီး တစ်ကောင်က ခြံနားမှာ ရစ်သီရစ်သီလုပ်နေသဖြင့် အာကာမျက်ခုံးပင့်သွားရသည်... အာကာတို့ မျက်စောင်းထိုးအိမ်မှာလဲ ခွေးမလေးတွေရှိရဲ့သားနဲ့ ဒီကောင်က ပေါက်ပေါက်ဆီကိုပဲလာဖွန်ကြောင်နေသည်...

မမဟေမာပြောတာ တကယ်ပဲဟုတ်နေသလား အာကာတွေးတောရတော့သည်... အာကာနဲ့  အစ်ကိုတို့ ပေါက်ပေါက်ရှေ့မှာ ဘယ်နှစ်ခါများ ချစ်မိကြပါလိမ့်... ဟိုရက်ကတော့ အစ်ကိုက ပေါက်ပေါက်ကို ပွေ့ချီထားတုန်း ဇွတ်သွားနမ်းမိလိုက်သေးသည်...

"ပေါက်ပေါက်နော်... ဟိုရှေ့အိမ်က စော်လေးတွေကိုကျ စိတ်မဝင်စားဘူး ချေနေပြီး ဒီဘဲကြီးကျမှ ဆတ်စလူးနေတာ...မရဘူး အခုအိမ်ထဲဝင်"

မမဟေမာက ပေါက်ပေါက်ကို အတင်းပွေ့ချီပြီး အိမ်ထဲသို့ ခေါ်သွားတော့သည်...

အာကာ အခန်းထဲကထွက်လာတော့ အစ်ကိုက နှာခေါင်းလေးပိတ်ပြီး အိမ်ပေါ်ပြေးတက်လာသည်...

"ဟင်... ဘာလို့လဲ... အစ်ကို့"

"အောက်မှာ ဒူးရင်းသီးတွေ"

"အဟားဟား"

အစ်ကိုက နှာခေါင်းကို လက်ညှိုးလက်မနှင့် ညှပ်ဖိထားပြီး နှာသံလေးနှင့် ဖြေသဖြင့် အာကာရယ်လိုက်မိသည်... အာကာတို့တစ်အိမ်လုံး ဒူးရင်းသီး ကြိုက်သလောက် ငြိမ်းအေးအိမ်ကလေး နှင့် မမကေသာ က ဒူးရင်းသီး အနံ့ကို လုံးဝမခံနိုင်ကြပေ...

Match Made In Clouds Where stories live. Discover now