Ep 23 (U)

49.6K 3.9K 567
                                    

"ချပ်"

"ဟင်"

ငြိမ်း ရေချိုးခန်းထဲက ထွက်လာတော့ so sweet က ခုတင်ပေါ်မှာ အခန့်သားနှင့် လှဲနေပြီး TV ဖွင့်ကြည့်နေသည်... ဒါက သူ ဒီအခန်းထဲမှာ အိပ်မည်ဆိုသည့် သဘော...

"so sweet ရေမချိုးဘူးလား"

"ချိုးခဲ့ပြီလေ အစ်ကိုရဲ့"

"ဒါနဲ့...ဒီမှာ ဘာလာလုပ်နေတာလဲ"

"ဟင်...လေးမောင်မှ မရှိတာကြီးကိုလို့"

so sweet က မျက်နှာငယ်လေး လုပ်ကာ ငြိမ်းကို မော့ကြည့်ပြီးပြောလာသည်... ငြိမ်းက ရယ်ချင်နေတာကို အောင့်ထားပြီး မျက်မှောင်ကျုံ့လိုက်ကာ so sweet ခေါင်းကဆံပင်တွေထဲ လက်ချောင်းတွေ ထိုးထည့်ပြီး ရေစိုမစို စမ်းကြည့်လိုက်သည်... ဆံပင်တွေခြောက်သွေ့နေတော့မှ စိတ်ကျေနပ်သွားပြီး so sweet ပါးကို တစ်ချက် ဖျစ်လိုက်သည်...

"အ! နာတယ်လို့"

"ဆံပင် ဘယ်သူလေမှုတ်ပေးလဲ"

"ဘယ်သူမှ မမှုတ်ပေးပါဘူး...မနက်က အစ်ကိုလုပ်ပေးထားတဲ့ဟာပဲ... ဒီည ထပ်မလျှော်တော့ဘူး"

ငြိမ်းက အဝတ် ဗီရိုထဲမှ ညဝတ်အင်္ကျီနဲ့ ဘောင်းဘီဝမ်းဆက်ကို ထုတ်ဝတ်နေတုန်း so sweet က ငြိမ်းကို လိုက်ကြည့်နေသည်...

"ဘာလိုက်ကြည့်နေတာလဲ... အဲကွန်း နည်းနည်းလျှော့လိုက်"

so sweet က ခုတင်ဘေး စားပွဲပေါ်မှ အဲကွန်း ရီမုတ်ကို လှမ်းယူလိုက်စဉ် လက်ကောက်ဝတ်နှင့် စားပွဲစွန်း တိုက်မိသွားသည်...

"အ!"

ငြိမ်းက အင်္ကျီဝတ်ပြီးသွားတော့ အနားသွားပြီး so sweet ရဲ့ လက်ကို ဆွဲယူကာပွတ်ပေးလိုက်သည်... တူတူနေရင်း ငြိမ်းသိခဲ့ရတာက so sweet က သန်မာပေမဲ့ တစ်ခုခုဆို နာတတ်တဲ့ pain sense က သူများထက်ပိုများသည်... ငယ်ငယ်က စက်ဘီးမှောက်ပြီး pain shock လဲ ဖြစ်ခဲ့ဖူးသည်ဟု အမေက ပြောပြသည်... အခုလဲ ထိခိုက်မိတာ နည်းနည်းလေးဆိုပေမဲ့ so sweet တော်တော်နာသွားမှန်း ငြိမ်းက သိသည်...

ငြိမ်းက ခုတင်ပေါ်တွင် so sweet နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ရင်း လက်ကောက်ဝတ်ကို နှိပ်ပေးနေလိုက်သည်...

Match Made In Clouds Where stories live. Discover now