Ep 8 (Z)

14.6K 408 17
                                    

"ကာကြီး ရာ ဘယ်လိုဖြစ်တာတုန်း ရုတ်တရက်ကြီး"

"အေးလေကွာ...ငါဖုန်းဆက်တော့ မင်း မားသားကြီးက ဖုန်းကိုင်ပြီး... သားတို့ အိမ်လာခဲ့ကြဆိုလို့"

ဝဇီရာကျော်နဲ့ ရာဇာတို့က အာကာ့အခန်းထဲတွင် ရောက်နေကြပြီး လူနာသတင်းလာမေးကြသည်...

"အမေက ငါ ဖုန်းတွေကြည့်နေမှာစိုးလို့ဆိုပြီး ဖုန်းသိမ်းသွားတာကွာ"

"ဟိုနေ့က အခြေအနေရော"

"အင်း... တွေ့ဖြစ်တယ်...ဒါပေမဲ့..."

အာကာက ဝဇီ တို့ကို ဟိုနေ့က dating သွားပြီး အစ်ကိုနဲ့ ဖြစ်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်...

"အဟား...အာကာကြည်ညွှန်း တို့က မောင်းထုတ်ခံရတာ ဖျားတောင်ဖျားသွားတယ်ပေါ့ ဟာသတွေဟေ့"

"အစ်ကိုက Straight ကွ ... သူ့ဘေးနားက အစ်မနဲ့က တွဲနေကြတာ ထင်တယ်... ငါတော့ မျှော်လင့်ချက်မဲ့ပြီ လားမသိဘူး"

"မင်းလဲ Gay မှ မဟုတ်တာကွ... မင်း သူ့ကိုမတွေ့ခင်က ဝေကြီးညီမ မြသက်ချယ်ကို ကြိုက်သေးတာပဲမဟုတ်လား"

"အေးလေ အေးလေ အဲ့ဒီတုန်းကဆို မြသက်ချယ်က အာကာရယ် ပလာဇာမှာ ဘရာ သွားဝယ်ချင်လို့ အာကာက ပလာဇာကို ဘရာ ဝယ်အောင် လိုက်ပို့ပေးပါဦးဆိုရင် ဒီကောင်က ချက်ချင်း ပလာဇာရှေ့မှာ ဘရာထုတ်ကြီးဆွဲတဲ့ အာကာ ဖြစ်သွားတာ"

"အာ...အဲ့ဒါ ငယ်ငယ်တုန်းကပါကွာ...တော်ပါတော့"

"အေးလေ... အဲ့ဒါပြောချင်တာ မင်းက အရင်ကတည်းက လိင်တူစိတ်ဝင်စားခဲ့တာ မဟုတ်ဘူးလေ"

"ဒါနဲ့ မင်းအခု သေချာရဲ့လားကွ"

"မြသက်ချယ်နဲ့ ပြန်တွဲကြည့်ပါလား"

ဝဇီနဲ့ ရာဇာတို့ အပြောကို အာကာက ခေါင်းခါပြလိုက်သည်...

"မရဘူး...ငါသေချာတယ်... ငါအခု တော်တော်လေးဖြစ်နေတာ ငါ့ကိုယ်ငါ သိတယ်...မောင်းထုတ်ခံလိုက်ရမှ ပိုသေချာသွားတာ...ငါ အစ်ကို့ကို မတွေ့ရဘဲ မနေနိုင်ဘူး"

"အဲ့ဒါဆို မင်း ဘာဆက်လုပ်မလဲ"

"ငါ မနေ့က အမေသိမ်းထားတဲ့ ဖုန်းခဏ ခိုးပြီး အစ်ကို့ဆီ ဖုန်းဆက်သေးတယ်...ဖုန်းမကိုင်ဘူး...
ပြီးတော့ မနက်တိုင်း အစ်ကို့ကားကို အိမ်ရှေ့ကဖြတ်သွားမလားစောင့်ကြည့်နေတာ မတွေ့တာ သုံးရက်လောက်ရှိနေပြီကွ...ညနေတော့ ငါ အစ်ကိုတို့အိမ်ဖက် သွားကြည့်ဦးမယ်"

Match Made In Clouds Unde poveștirile trăiesc. Descoperă acum