Ep 11 (Z)

16.9K 390 18
                                    

"အနွေးထည်က အဲ့ဒါလေးနဲ့ မရဘူး"

"ဒါပဲ ပါတယ်"

မနေ့ညကတည်းက စူကောက်နေသူက အပြင်ထွက်ခါနီးမှာ ငြိမ်းဝတ်ထားသော အနွေးထည်ကိုကြည့်ပြီးပြောလာသည်... မနေ့ညနေက အဝတ်လဲခန်းထဲမှာ စကားများကြပြီးကတည်းက ငြိမ်းကို တစ်ညလုံး စူကောက်နေတာဖြစ်သည်...

အချောခံချင်နေမှန်း သိပေမဲ့ ငြိမ်းက ကလေးတွေကို မချော့တတ်ပေ... တစ်ဦးတည်းသော သားဖြစ်ပြီး မောင်နှမဝမ်းကွဲတွေနဲ့လည်း အနေဝေးခဲ့သောကြောင့် ငြိမ်း အငယ်တွေကို ဘယ်လိုချော့ရမှန်း မသိသလို အလေ့အကျင့်လဲမရှိခဲ့ပါ...

ညစာစားပြီး ဟိုတယ်ပြန်ရောက် ရေမိုးချိုးပြီးကတည်းက သူ့အခန်းထဲမှာ ငြိမ်ကုတ်နေပြီး ငြိမ်းအခန်းဘက်ကို ကူးမလာခဲ့... ငြိမ်းက သူ ကာတွန်းကားများ လာပြဦးမလားဆိုပြီး စောင့်နေခဲ့ပေမဲ့ ရောက်မလာသောကောင်လေးကြောင့် ကိုယ့်ဟာကိုယ်သာ အိပ်ပျော်သွားခဲ့ရသည်... သို့ပေမဲ့ ညအိပ်ရတာ ပြီးခဲ့တဲ့ညကလိုပင် နွေးနေခဲ့သဖြင့် ရာသီဥတုက သိပ်ဆိုးမည်မထင်ပေ...

"ရပါတယ် ရာသီဥတုက သိပ်မအေးပါဘူး... ညကလဲ နွေးနေတာပဲ"

"နွေးမှာပေါ့"

"ဟင်...ဘာပြောတာ"

"ဘာမှမဟုတ်ဘူး...ရော့ ကျွန်တော့် ဒီအင်္ကျီထပ်ဝတ်ထား"

so sweet က သူ့ဂျာကင် အနွေးအင်္ကျီကို ငြိမ်းကိုယ်ပေါ်သို့ ခြုံပေးလာပြီး အခန်းတံခါးကိုဖွင့်ပေးသည်...

"မင်းကရော... မင်းအေးနေမှာပေါ့"

"ကျွန်တော်က ဒါနဲ့ဆိုရပြီ"

so sweet ဝတ်ထားသော ဟူဒီကလည်း နည်းနည်းထူပုံရသောကြောင့် ငြိမ်းက စောဒကမတက်တော့ပဲယူထားလိုက်တော့သည်... မျက်နှာ စူပုတ်ပုတ်လေးနှင့် ဓာတ်လှေခါး ခလုပ်တွေကို နှိပ်နေသူအား ကြည့်ပြီး ငြိမ်းက အကြီးဖြစ်လို့ စပြီးအလျှော့ပေးရမှန်း သိပါသော်လည်း ဘယ်ကဘယ်လို စပြောရမှန်းမသိ အကြံအိုက်နေရသည်... so sweet ကို အမြဲသွက်သွက်လေး နေတတ်သည့်ပုံလေးနှင့်ပဲ ငြိမ်းကမြင်ချင်တာမို့ အခုလိုကြီး ငြိမ်နေတာကို သဘောမကျဘဲ ငြိမ်းသူ့ကို ချော့ချင်နေမိသည်...

Match Made In Clouds Kde žijí příběhy. Začni objevovat