Ep 10 (Z)

15.5K 394 19
                                    

"အစ်ကို ... Heater ဖွင့်ပြီး ရေချိုးနော်...အရမ်းအေးလာပြီ"

"အင်း"

ငြိမ်းက အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်တော့ so sweet ကလိုက်ဝင်လာသည်...

"ဘာလိုက်လုပ်တာလဲ...မင်းအခန်း မင်းသွားလေ"

"အစ်ကို့အခန်းထဲကနေ ကျွန်တော့်အခန်းကို သွားလို့ရတယ်လေဗျာ...ဖယ်ပေးဦး...ဝင်မလို့...ရှုးပေါက်ချင်နေပြီ"

"ဟင်"

တံခါးဘောင်ကို လက်နှင့်ထောက်ထားသော ငြိမ်းရဲ့ လက်ကို အတင်းဆွဲဖယ်ပြီး အခန်းထဲသို့ဝင်ကာ ဆက်ထားသော တံခါးမှနေ၍ သူ့ အခန်းဘက်သို့ ကူးသွားသည်... သွားရင်း နောက်ပြန်လှည့်ကာ ငြိမ်းကို အော်ပြောသွားလိုက်သေးသည်...

"ဒီအလယ်က တံခါးကို မပိတ်ထားနဲ့နော် အကို့... ပိတ်ထားလို့ကတော့ တစ်ညလုံး တံခါးထိုင်ခေါက်နေမှာဗျ"

ငြိမ်း က ဘာမှပြန်မပြောဘဲ ရေချိုးဖို့သာပြင်လိုက်တော့သည်... တစ်နေကုန် လျှောက်သွားထားတော့ ညောင်းကိုက်နေပြီဖြစ်သည်...

ငြိမ်း ရေချိုးပြီးတော့ အနွေး ညအိတ်ဝတ်စုံဝမ်းဆက်ကို ထုတ်ဝတ်လိုက်ပြီး ခုတင်ပေါ်တွင် လှဲ၍ကျောဆန့်လိုက်သည်...

"အား"

အခုမှ အညောင်းတွေ နည်းနည်းပြေချင်သလိုဖြစ်သွားရသည်...တောင်ပေါ်ရာသီဥတုက အေးစိမ့်နေသဖြင့် စောင်အောက်သို့ မြန်မြန်တိုးဝင်လိုက်ရသည်...

"အစ်ကိုရေ့ ဗိုက်ဆာလား တစ်ခုခုစားဦးမလားဟင်"

ခေါ်သံနှင့်အတူ so sweet က i pad တစ်ခုကိုင်ပြီး ငြိမ်းအခန်းထဲသို့ ရောက်လာသည်...

"တော်ပြီ...အိပ်တော့မှာ...မင်းလဲ သွားအိပ်တော့"

"ဟင်... အိပ်တော့မှာလား အစ်ကိုရဲ့...နေပါဦး ဒီမှာ ရုပ်ရှင် တူတူကြည့်ရအောင်လေ ... နော်"

ပြောပြီး so sweet က ခုတင်ဘေးရှိ ခုံတွင်ဝင်ထိုင်လိုက်သည်... ငြိမ်းလှဲနေရာမှ မော့ကြည့်လိုက်တော့ so sweet ခေါင်းမှ ဆံပင်တွေ ရေမခြောက်သေးတာကို သတိထားလိုက်မိသည်...

"မင်း ခေါင်းကို ရေပြောင်အောင် သုတ်ဦးလေ... ရေချိုးခန်းထဲမှာ Hair Dryer ရှိတယ်"

Match Made In Clouds Where stories live. Discover now