အမတ်တွေဟာအစပထမတော့ အစောင့်အရှောက်တွေတစ်ယောက်မှမပါပဲ ခရီးထွက်ချင်နေသည့်ဧကရာဇ်ကြောင့်အသည်းအသန်ငြင်းဆန်ခဲ့ပါသော်လည်း ဘာမှထူးခြားမလာခဲ့ချေ။

ရှောင်ကျန့်ကဝမ်ရိပေါ်၏ပါးတစ်ဖက်ကိုမွကနဲမြည်အောင်နမ်းလိုက်ပြီး ရွေ့လျားနေသည့်မြင်းလှည်း၏တံခါးကနေတစ်ဆင့်သူ့ခေါင်းလေးကိုထုတ်လိုက်သည်။

"ဦးလေးကြီး....ကွမ်ကျိုးရောက်ဖို့ဘယ်လောက်လိုသေးလဲ"

လှည်းမောင်းနေသည့်ဦးလေးကြီးပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်ပြန်ဖြေသည်။

"သိပ်မကြာတော့ပါဘူး ကောင်လေးရ....နေ့တစ်ဝက်လောက်ဆိုရောက်ပါပြီ"

"ဟုတ်....ရောက်ရင်သတိပေးဦးနော်ဦးလေးကြီး"

"အေး...အေး...."

ရှောင်ကျန့်က တတ်ကြွစွာပင်လှည်းထဲပြန်ဝင်ထိုင်လိုက်ပြီး ဝမ်ရိပေါ်ကို ရရင်ရသလိုဆက်ကလူနေသည်။မြင်းလှည်းမောင်းတဲ့ဦးလေးကြီးပြောတဲ့အတိုင်းပင်နေ့ခင်း၌ ကွမ်ကျိုးသို့စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့၏။

ဝမ်ရိပေါ်ပြောတာမှန်သည်။ကွမ်ကျိုးကလွန်စွာလူစည်ပြီးပတ်ဝန်းကျင်မှာသန့်ရှင်းသပ်ရပ်သည်။ရိပေါ်က သူတို့နှစ်ယောက်ယာယီနေထိုင်ရန်အတွက် မြို့လည်ကအိမ်တော်တစ်ခုကို ဝယ်ယူလိုက်သည်။ရှောင်ကျန့်က အကြာကြီးနေရမည်မဟုတ်တာကြောင့်ငှားဖို့ရန်သာပြောသော်လည်းဝမ်ရိပေါ်က အကျိုးသင့်အကြောင်းသင့်ရှင်းပြသည်။

"ကွမ်ကျိုးကရှု့ခင်းတွေကတကယ်လှတယ်.....ဒါကြောင့်ကိုယ်တို့နှစ်ယောက်အားရင်အားသလိုဒီကိုလာလည်သင့်တယ်...."

"ဒါကြောင့်တစ်ခါတည်းတန်းဝယ်လိုက်တာပေါ့လေ...."

"အင်း....ကိုယ့်မှာငွေမရှားပါဘူး"

"....."

နိုင်ငံတော်ဘဏ္ဍာတိုက်ကြီးကိုတောင်စိတ်ကြိုက်သုံးဖြုန်းနိုင်တဲ့ ယောက်ျားကိုရထားမှတော့လည်း ရှောင်ကျန့်ဟာအနည်းငယ်ဂုဏ်ဆာမိသွားသလိုခံစားလိုက်ရသည်။

"အပြင်ထွက်လည်ရအောင်.....ခင်ဗျားတစ်ခါမှလွတ်လွတ်လပ်လပ်အပြင်မထွက်ဖူးဘူးမဟုတ်လား"

system 091 Where stories live. Discover now