" သူ့ကို ပြန်ခေါ်ချင်တာ၊ အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးချင်လို့မဟုတ်လား?"

ထိုသို့ပြောပြီး‌နောက် ချိယွီက ရှုကျုံးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်တယ်။

တစ်ဖက်က သူ့ကိုကြည့်မလာဘဲ မျက်လွှာတွေကိုချထားကာ အမူအရာ မပြောင်းလဲပေ။ထိုသူက ဘာမှ မကြားလိုက်သလိုပင် သူ့လက်ထဲက အစီရင်ခံစာကိုသာ ဆက်ပြီး အေးအေးဆေးဆေး ရေးမှတ်နေခဲ့တယ်။

ကားအတွင်းပိုင်းသည် အလွန် တိတ်ဆိတ်နေပြီး စာရွက်ပေါ် ဖောင်တိန်ပြေးလွှားနေသံကိုပင် ကြားနေရသည်။

ချိယွီက သူ့လက်တွေကို တင်းကြပ်စွာဆုပ်ထားရာမှ ရုတ်တရက် ဖြေလျော့လိုက်ပြီး "ဟုတ်နေတာဘဲ" လို့ တိုးတိုးလေး ပြောလာခဲ့တယ်။

ချိယွမ်ရှန်းရဲ့မျက်ခုံးတန်းတွေဟာ ပင့်မြောက်သွားကာ သူကသူ့ရဲ့ ရှည်သွယ်ကာ အား‌ကောင်းတဲ့ လက်ချောင်းတွေကို ငွေသားနဲ့ပြုလုပ်ထားတဲ့ မြွေပုံသဏ္ဍာန် အနက်ရောင် caneပေါ်တင်လိုက်တယ်။သူက တစ်ခါတစ်ရံ သူ့ရဲ့လက်ချောင်းထိပ်တွေနဲ့ caneကို ပွတ်သပ်ရင်း : "အဒါကြောင့် မင်း စိတ်ပူစရာမလိုဘူး"

(T/N : cane - လူကြီးတွေ လမ်းလျှောက်ရင်သုံးတဲ့ အကူတုတ်လိုဟာမျိုးပါ)

(T/N : cane - လူကြီးတွေ လမ်းလျှောက်ရင်သုံးတဲ့ အကူတုတ်လိုဟာမျိုးပါ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒါ စိတ်ပူလဲ အသုံးမဝင်ဘူးဆိုတဲ့သဘောလား?

ချိယွီက သူ့နှလုံးသားထဲကနေ နှာမှုတ်လိုက်ကာ မျက်နှာလွှဲလိုက်ပြီး ပြန်မဖြေပေ။

သူ့ နှလုံးသားထဲကနေတစ်ဆင့်လဲ အကယ်၍ ချိယွမ်ရှန်းနဲ့ သူသာရန်ပွဲဖြစ်ရင် ဆိုကျိုးဘယ်လောက်ရှိနိုင်မလဲ ဆိုတာကို စတင်တွက်ချက်နေပြီဖြစ်သည်။ သို့သော်လည်း အဆုံးမှာတော့ သူလက်လျှော့လိုက်ရတော့တယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now