"မင်းကလဲ ဟုတ်မှလဲ ပြောစမ်းပါ...သူ့ကြည့်ရတာ လူဆိုးနဲ့ မတူပါဘူး ဒီလောက် တည်ကြည်တာကို "

"တုံးလိုက်တာကွာ မင်းကို ငါ့သူငယ်ချင်းလို့ ပြောရမှာတောင်ရှက်တယ်....မင်း ရုပ်ရှင်ကားတွေ မကြည့်ဖူးဘူးလား ...
ရုပ်ရှင်တွေထဲမှာ စောက်ရမ်းချောတဲ့ လူတွေက လူဆိုးလေကွာ"

Beakhyun အပြောကို kai ငိုရခက် ရီရခက် ဖြစ်သွားသည်။

"မဟုတ်ဘူးလေကွာ အဲ့ဒါ ရုပ်ရှင်လေ "

"ရုပ်ရှင်ဆိုတာ လက်တွေ့ဆန်တာကို ရိုက်ပြတာဘဲလေ"

"ဒါဆို ငါပြောပြမယ် ငါက မချောဘူးလား ဒီရွာမှာ ငါအချောဆုံးလေ မဟုတ်ဘူးလား"

"အင်းးးးး"

kaiစကားကို beakhyun အောင့်သက်သက် အင်းးးလိုက်ရသည်။

"အဲ့တော့ ငါက လူဆိုးလား"

Beakhyun ခေါင်းခါပြလိုက်သည်။

"အေးလေ ချောတိုင်းက လူဆိုးအှ မဟုတ်တာ ..ရုပ်ရုင်ပါဆို မင်းသားတွေ ရိုက်တော့ ချောမှာပေါ့"

"အေးနော် အဲ့တာလဲ ဟုတ်တယ် ဒါပင်မယ့် သူက မင်းထက် ပိုချောတယ်လေ"

Kai ပြောစရာ စွံအသွားသည်။ဒါပင်မယ့် သူ့ထက် ခုနလူက ပိုချောတယ်ဆိုတာ လက်ခံရမည်။

"ဒါပင်မယ့် သူက လူဆိုးဆိုပြီး ရုပ်ချောတိုင်း သတ်မှတ်လို့ မရဘူးလေ"

"အေးပါ ငါရုပ်ရှင် အကြည့်များသွားတယ် ဟဲဟဲ"

သူတို့ စကားပြောနေတုန်း Chanyeolက ခေါက်ဆွဲဘူး တစ်ဗူးနဲ့ အအေးတစ်ဗူးကို ယူကာ  ပြန်ထွက်လာပြီး သူတို့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်လိုက်သည်။

အေးပေါ့ သူက ဒီနေ့မှာ ရောက်တာ ဘာမှ ချက်စားနိုင်အုံးမှာ မဟုတ်ဘူးလေ။ဒိလိုမှန်းသိ ညနေက ညစာစားဖို့ ဖိတ်လိုက်ပါတယ်။

လက်တံရှည်ကြီးတွေက တူကို ကိုင်ကာ ခေါက်ဆွဲစားနေတဲ့ လူက ဘာလို့ စောက်ရမ်းမိုက်နေရတာလဲ။တည်ထားတဲ့ မျက်နှာက တစ်ကယ် ရုပ်ရှင်ထဲ လူဆိုးဂိုဏ်းခေါင်းဆောင်လိုဘဲ။

ခေါက်ဆွဲဗူးထဲက အငွေ့ရိုက်လို့ထင်ပါရဲ့ မျက်နှာမှာ ချွေးလေး နဲနဲ ထွက်နေသလိုဘဲ။ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ သူ့ကို မော့ကြည့်လာတဲ့ chanyeolရဲ့ မျက်လုံးနဲ့ ဆုံလိုက်ရသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now