လင်သုန့်ဟာမယုံကြည်နိုင်သည့်မျက်လုံးတွေဖြင့်ရှောင်ကျန့်ကိုတစ်လှည့်ဟေးလစ်ခ်ကိုတစ်လှည့်ကြည့်သည်။အရင်ချိန်တွေတုန်းကဝပြဲနေသည့်ခန္ဓာကိုယ်ပိုင်ရှင်လုမင်ယွင်ဆိုသူမှာယခုတွင်သူ့အရှေ့ကပိန်ပိန်သွယ်သွယ်ဖြင့်အမျိုးသားဖြစ်ကြောင်းသူမည်သို့ယုံကြည်ရမည်နည်း။

အချိန်အတော်ကြာတစ်ကိုယ်လုံးတောင့်တင်းနေသည့်လင်သုန့်ဟာချက်ချင်းဆိုသလိုတစ်စုံတစ်ခုကိုတွေးတောမိသွားပြီးသူ့မျက်နှာမှာဝင်းပသွားသည်။

"ဒါ...ဒါဆိုခင်ဗျားတို့ရဲ့သခင်ကြီးရောအခုဘယ်လိုနေသေးလဲဟင်...."

ရှောင်ကျန့် : "....."

ဟေးလစ်ခ် : "....."

ရှောင်ကျန့်၏မူလပြုံးရွှင်နေသည့်မျက်နှာလေးမှာချက်ချင်းရှုံ့မဲ့သွားသည်။

ငါတို့အခုမှပြန်တွေ့တာလေကွာ။ချက်ချင်းကြီးသူ့လင်ကိုအရင်ဆုံးမေးတော့တာပဲ။ကျွတ်။

"ဟီး....တစ်မျိုးမထင်ပါနဲ့....ခင်ဗျားတို့ကကျွန်တော့်ရဲ့အသက်သခင်ကျေးဇူးရှင်တွေပါဗျာ....အိမ်ကိုအလည်လိုက်ခဲ့ကြပါလား.....အစ်ကိုကခင်ဗျားကိုတွေ့ရင်အရမ်းပျော်မှာသေချာတယ်"

လင်သုန့်ဟာရိုးသားဖြူစင်သည့်ဟန်ဖြင့်ပြုံးရင်းဖိတ်ခေါ်သည်။ရှောင်ကျန့်ကစဥ်းစားပြီးနောက်ဟေးလစ်ခ်ကိုကြည့်ရင်းသဘောတူလိုက်သည်။

၁၆နှစ်ကြာမြင့်ခဲ့ပြီးသည့်နောက်ယခင်ဆယ်ကျော်သက်အရွယ်လင်ယုရောင်မှာ ၃၃နှစ်တောင်ရှိသွားခဲ့ပြီဖြစ်သည်။လင်သုန့်နဲ့မတူညီစွာလင်ယုရောင်မှာသက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်လို့နေသည်။

ရှောင်ကျန့်တို့နှစ်ယောက်ကိုလင်သုန့်ခေါ်ဆောင်လာသည့်အခါတွင်လင်ယုရောင်မှာလုံးလုံးမှတ်မိခြင်းမရှိခဲ့ချေ။နောက်ဆုံးလင်သုန့်ရှင်းပြသည့်အခါတွင် သူ့ခမျာအတော်လေးလန့်ဖြန့်သွားရ၏။

"ကျွန်တော့် ခင်ဗျားတို့နှစ်ယောက်ကိုတကယ်မမှတ်မိလိုက်ဘူး....နှစ်ယောက်လုံးအရမ်းပြောင်းလဲသွားတယ်နော်....."

လင်ယုရောင်ကသက်ပြင်းခပ်ဖွဖွချရင်းပြောသည်။အရင်အချိန်တွေတုန်းကဘောလုံးလိုခန္ဓာကိုယ်ဖြင့်သူတို့ရဲ့ကျေးဇူးရှင်မှာ ဒီလောက်ထိပိန်ပါးလှပလာမည်မှန်းလုံးဝမထင်မှတ်ထားခဲ့ချေ။

system 091 Where stories live. Discover now