Extra - 1

7.5K 412 22
                                    


အေးစက်တဲ့ မနက်ခင်းတွေမှာ နူးညံ့တဲ့ ခြုံစောင်နဲ့အတူ နွေးထွေးတဲ့ မေတ္တာအငွေ့ဓာတ်လေးကြောင့် စိတ်ဟာချမ်းမြေ့ခဲ့ရပါတယ်။စောလွန်းသေးသဖြင့် တမှေးပြန်ပြီး အိပ်စက်နေရာမှ အခန်းထဲ ဝင်လာတဲ့နေရောင်နဲ့အတူ ဘုရားခန်းက အနီ့ရဲ့ မေတ္တာပို့သံက မျက်လုံးအဖွင့်မှာ ကြိုလေတော့ နံနက်တိုင်းဟာ ကျက်သရေရှိခဲ့တယ်။
ဘေးက ဝူးဝူးဝါးဝါး စကားတွေပြောနေတဲ့ ကလေးငယ်လေးကလည်း ခြေကားယားလက်ကားယားလေး။

" သား အဟ တစ်ယောက်တည်း စကားတွေပြောနေတယ် ဘယ်သူနဲ့ ပြောနေတာလဲကွ "

တေး ထထိုင်ပြီး ပွေ့ချီလိုက်သည်။

" မားရေ မနိူးသေးဘူးလား "

အပြင်က နရည်လေးရဲ့ ခေါ်သံကြောင့် တေး ကလေးငယ်ကို ပြန်ချပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

" သမီးမားက ခုထိမထသေးဘူးလား ကလေးနှစ်ယောက်ရပြီ ခုထိ အအိပ်ပုတ်တုန်း "

အနီတော့ ဘုရားဝတ်ပြု မေတ္တာပို့ အမျှဝေခြင်း ပြီးစီးသွားဟန်တူသည်။သားအမိနှစ်ယောက် အခန်းထဲ ဝင်လာတာကို တေး နားစွင့်နေလိုက်သည်။

" အသွင်လေးရေ နိူးနေတာလား "

နရည်လေးက ခုတင်ပေါ်တက်လာပြီး သူ့မောင်လေးကို တစ်ချက်နမ်းပြီး တေးဘက်ကို လေးဘက်ထောက်လာကာ တေးပါးပြင်ကို နမ်းလာသည်။

" မား "

" အင်း "

" မထသေးဘူးလား "

" အိပ်ပုတ် ထတော့ ခရီးသွားရဦးမှာဟာ "

အနီက တေး အနားမှာ လာထိုင်လေသည်။

" တေးသွားသွင် ထပါဆို "

" ခင်ဗျာ့အိမ်ထောင်ဦးစီးကို အဲ့လိုနိူးရလား "

" အံမယ် ဘယ်သူက အဲ့ရာထူးပေးလို့လဲ "

"အနီ မောင့်ဇနီးဖြစ်ကတည်းကလေ "

" မရပါဘူး ကျွန်မက ရှင့်ထက် အသက်ကြီးတယ် အဲ့တော့ ကျွန်မ အိမ်ထောင်ဦးစီးပဲ ထစမ်း တေးစုတ် "

တေးက ခပ်ကျယ်ကျယ်အော်ရယ်ရင်း အနီကို လှဲချလိုက်သည်။

" ဟာ တေး.... ကလေး ကလေး ကလေးကို ဖိမိမယ် ဘယ်လိုဖြစ်နေတာလဲ တေးစုတ် "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now