Part - 38

6.3K 416 31
                                    


Unicode

အနီ လိုချင်တဲ့ ကလေးလေးဟာ တေးတို့နှစ်ယောက် ဘဝထဲကို ဝင်ရောက်လာတဲ့အခါ ဘဝက ပြည့်စုံနေပြီလို့ ဆိုချင်တယ်။မလိုအပ်တဲ့ အရာတစ်ချို့ ကို လျစ်လျူရှုထားရင်ပေါ့။

" တေး......ကလေးက ဘယ်နှလရှိပြီလဲ "

ကလေးကို ချီထားကာ မြူနေရင်း နွေးက မေးသည်။

" အခါလယ်ကျော် ပြီလို့ ပြောတာပဲ လေးဖက်သွားပြီ "

" ပေးပေး နွေး.....အူဝါး......ကလေးလေးက ဘာလို့မဲ့နေတာလဲ နို့ဆာလို့လား"

"အန့်..."

" ဟားဟား...... အတက်လေး"

နွေး ချီထားရာကနေ အနီက ကလေးကို လွှဲပြောင်းယူလိုက်သည်။တေးက လက်ထဲက နို့ဘူးကို လှုပ်ခါရင်း အနီ့ကို လှမ်းပေးပြီး ကလေးလေး ပါးကို အသာ ဖျစ်လိုက်သည်။

" ကလေးနာမည်ကရော"

" ခုထိ မရှိသေးဘူး.....သူ့အစ်ကိုက သူ့ညီမနဲ့ တူတယ်ဆိုပြီး ပူတူးလို့ ပေးထားတာတဲ့ "

" အင်း....ကလေးလေး လို့ပဲ ခေါ်တော့မှာလားဟ....တေး နာမည်ပါအောင်မည့် "

အနီက ကလေးလေးကို နို့ဘူးတိုက်နေရင်း တစိမ့်စိမ့် ကြည့်လို့မဆုံး။တေးက အနီနားမှာ ထိုင်နေရာမှ လှဲချလိုက်သည်။ခြေထောက်ကို အနီ့နောက်က ကျန်နေတဲ့ နေရာကို ဆန့်ထုတ်လိုက်သည်။

" အဲ့ဒါ မစဥ်းစားရသေးဘူး နွေး စနေသမီး အချေကြီးမှာ ...ဟားဟား...."

" တေးနရည်သွင် လို့ စဥ်းစားထားတယ်"

"လှတယ် မမနီ "

သက်မှုံက လက်ဖက်သုပ် ပန်းကန်ကိုင်ပြီး ထွက်လာရင်း ပြောသည်။

" နရီက ဘယ်လိုလဲ လုံးဆံခတ် ရီလား နီနီ "

" မဟုတ်ဘူး ည သတ်လေ စည်းဝါးနရည်လေကွာ  အင်္ဂလိပ်လိုဆို rhythm ပေါ့ " ***

" အာ.... တကယ်လှတယ် မမနီ ၊ တေးသွားရဲ့ သမီး တေးနရည် လိုက်ဖက်နေချက် ၊တေးက ဘာဖြစ်နေတာလဲ မကြိုက်ဘူးလား"

ကလေးရဲ့ နာမည်မှာ အနီ့နာမည်မပါလို့ တေး မှုန်ကုပ်နေသည်။

" အင်း အနီ့နာမည်ကျ မပါဘူးလေ"

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now