Part - 6

6.2K 475 5
                                    

ကားလေးက အိမ်ရှေ့ရောက်တော့ ခြံတံခါးက ပွင့်နေသည်မို့ အလွယ် ဝင်သွားလိုက်သည်။ မာမီ ပြန်ရောက်နေတယ်ဆိုတာ ပွင့်နေတဲ့ ခြံတံခါးက သက်သေပင်။ အိမ်ထဲ ချက်ချင်း မဝင်သေးဘဲ ခြံတံခါးကို အရင် ပြန်ပိတ်လိုက်သည်။ ဝင်ဝင်ချင်း တံခါးပေါက်နဲ့ မနီးမဝေးက ဧည့်စားပွဲမှာ ကျောက်အရိုင်းတုံးတွေ ကို အကဲခတ်နေတဲ့ မာမီက ကမာနီကို မော့ကြည့်လာသည်။

" အပြင် ထွက်နေပြန်တာလား နီနီ "

" ဟုတ်တယ် မာမီ၊ ဘာဖြစ်လို့လဲ "

" နီနီ သမီးကို မာမီ ဒီလောက်တောင် မေးခွင့် မရှိဘူးလား "

" ပြောစရာမရှိတော့ရင် နီနီ ရေချိုးလိုက်ဦးမယ် "

သူပြောချင်တာသာ ပြောပြီး မာမီရှေ့က ထွက်လာခဲ့တော့သသည်။ ကြီးကြီးမြတို့ ပြန်သွားပြီ ဆိုတော့ စိတ်ထဲ ဝမ်းနည်းလာပြန်သည်။ ပြန်သွားတာ တစ်ရက်တောင် မပြည့်သေးဘူး လွမ်းလာပြန်သည်။

နီနီ ကြောက်ရွံရတဲ့ နေ့တွေက အရင်လို ပြန်ရောက်လာတော့မယ်။ ပျင်းရိငြီးငွေ့ရတဲ့ နေ့ရက်တွေပေါ့ ။ အတွေးထဲမှာ ဟိုကလေးမ က ဖြတ်ခနဲ ဝင်လာပြန်သည်။ ဖြတ်ခနဲ ပြုံးပြီး တွေးလက်စ အတွေးတို့ကိုသာ ရပ်တန့်လိုက်ကာ ရေးချိုးရန် ပြင်လိုက်သည်။ ဒီညစာ ကတော့ ထမင်းဝိုင်း ထိုင်ရုံဆိုသာ ရှိဦးမည်။

                                *

ဒီည ဖေဖေ့ မိန်းမ မရှိတာနဲ့ တေးသွားတို့ သုံးယောက် ဖေဖေ နဲ့အတူ ညစာ စားဖြစ်ကြသည်။

" သမီးငယ် ပြန်လာတာ နေဝင်တယ်နော် ရည်နွယ်ပြောတာတော့ နေမစောင်းခင် စောစောလေး ထားခဲ့တာဆို "

ဖေဖေ က ထမင်းစား ရင်းမှ တေးသွားကို မေးနေသည်။

" ဟုတ်တယ် ဖေဖေ ၊ တေး အသိတစ်ယောက် ခေါ်လို့ လိုက်သွားတာ "

ဖေဖေက ထမင်းစားပြီးသွား ဟန်တူသည်။ တေးသွားကို  လက်ဆေးနေရာမှ ကြည့်ကာ မေးပြန်သည်။

" ဘယ်က အသိလဲ သမီးငယ် ၊ ဖေဖေ သိလို့ရမလား "

ဖေဖေ စကားကြောင့် တေးသွားပြုံးလိုက်မိသည်။ ဖေဖေ နောက်မိန်းမ ကိုသာ မမုန်းမိဘူးဆိုရင် ဖေဖေကို မေမေ့ထက် တေးသွား ပိုချစ်မိလိမ့်မည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now