Part - 22

5.5K 430 7
                                    


Unicode

အံအားသင့် လွန်းတာမို့ ခဏတာငေးကြည့်နေခိုက် သူမရှေ့မှ ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေး။

" တေး....."

တီးတိုးရေရွတ်မိပေမဲ့ လွမ်းနေရတဲ့ အငွေ့အသက်က လုံးဝမရှိတော့ ။ ဒီတော့မှသာ နောက်က အပြေးလိုက်မိတော့ ကားကို တရကြမ်း မောင်းသွားတဲ့ ကလေးမ ။

အမြင်အာရုံတွေမှာ အတိတ်က ပုံရိပ်တွေပြန်ဝင်လာပြန်သည်။ ပတ်ဝန်းကျင်ဟာ ဆူညံလာပြီး ပြင်းပြင်းထန်ထန် ခိုက်မိသံတွေ နဲ့ ပွတ်တိုက်သံတွေ ။

" ဟင့်အင်း.....မဟုတ်ဘူး.... ဟင့်...."

" မမနီ.... ဘာဖြစ်တာလဲ..... မမနီ "

အနားက လာဆွဲထူတဲ့ ဆိုင်ဝန်ထမ်း ကောင်မလေး က ဆွဲယူလှုပ်မှ စိတ်ဟာ တဖြည်းဖြည်း ငြိမ်လာသလို ။ ရေခွက်တစ်ခွက် ယူလာတဲ့ နောက်ထပ် ကလေးမ တစ်ယောက် ။ တုန်ရီနေတဲ့ လက်နဲ့ ရေဖန်ခွက် ကို အတင်း မော့ယူသောက်မိသည်။

" ယုယု သွား အစ်မ ကား ထုတ်ခဲ့နော် "

ကားသော့ရှိရာ ညွှန်ပြီး သူမကားကို အပြင်ထုတ်ခိုင်းစေရသည်။ သူမရဲ့ ကလေးမနောက် အမြန်လိုက်ရမည် ။ အတိတ်ကလို ဆုံးရှုံးမှုမျိုး သူမ ထပ်ပြီး အဖြစ်မခံနိုင် ။ သူမမှာ ဒီကလေးမသာ ရှိတော့သည်။ တေးကိုသာ ထပ်ပြီး ဆုံးရှုံးလိုက်ရရင် နေရာပင် သူမလဲကျ သေဆုံးသွားလိမ့်မည်။ ရင်ဟာ ပူလောင်မှုနဲ့ အပြည့် ။ စိတ်ဟာလည်း သောကကြောင့် ယောက်ယှက်ခတ်လျက်။

တေးက မိုးကုတ်ကို တခါမှ ရောက်ဖူးသူမဟုတ်။ စိတ်ထင်ရာသာ မောင်းမယ်ဆိုရင် ဒီလမ်းတွေ့ရာသာ ဆက်၍ မောင်းမည်သာ အသေချာ ။ တော်တော်လေး လှမ်းလာသည့်တိုင် တေး ကို မတွေ့ရပြီးမှ မြို့ပြင် နဲ့ အနည်းငယ်ဝေးသည့် တောင်ကုန်းမို့မို့လေး နားမှာ ရပ်ကာ ကားမှန်ကို ထိုးကြိတ်နေတဲ့တေး ။ အန္တရယ်ကင်းကင်း ဘာမှမဖြစ်သည်ကို မြင်ရသည့်တိုင် လက် အနာခံပြီး ကားမှန်ကို ထိုးကြိတ်နေတာမို့ စိတ်ထဲနာကျင်လွန်းလှသည်။တဒုန်းဒုန်း ထိုးကြိတ်သံတွေက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဖုံးအုပ်လျက်။ ဘာလို့များ ဒီလောက် ဒေါသကြီးရတာလဲ တေးရယ် ။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Wo Geschichten leben. Entdecke jetzt