Part - 16

5.5K 446 19
                                    

ညကောင်းကင်ဟာ လ မရှိပေမဲ့ ကြယ်လေးတွေနဲ့လည်း ပြည့်စုံအောင် လှပနေတာပဲ ။ စက်လှေစီးပြီး တေး နဲ့ အနီ ဟိုတယ်ကိုပဲ ချက်ချင်းပြန်လာကြသည်။

" သက်ပိုင်တို့ ပြန်မရောက်သေးဘူး ထင်တယ် "

အခန်းမီးကို ဖွင့်လိုက်ရင်း အနီက တေးကို လှမ်းပြောသည်။တေးက တစ်စုံတစ်ဦးဆီ ဖုန်းဆက်နေပုံရသည်။

" ပြန်ရောက်ပြီလား သက်ပိုင် "

"......."

" ဟ ညဥ့်နက်ပြီလေ ဆက်မသွားနဲ့တော့ ပြန်ခဲ့တော့ နောက်နေ့တွေ လည်ဖို့ အချိန်တွေ ရှိပါသေးတယ် "

" ........"

" အင်း ၊ မလာခဲ့နဲ့တော့ ပင်ပမ်းလို့ အိပ်ပြီ "

ဖုန်းကို ခုတင်ဘေးက ခုံလေးပေါ် ထားခဲ့ပြီး အနီထိုင်နေတဲ့ စားပွဲလေးဘေးက ခုံမှာဝင်ထိုင်လိုက်သည်။

" အိပ်ချင်ပြီလား အနီ "

" အွန်း အိပ်ချင်ပြီ ခြေထောက်ဆေးလိုက်ဦးမယ် သဲတွေကပ်လာတာ "

အနီ ထဖို့ ရပ်လိုက်ချင်း တေးက သူမ လက်ကိုဆွဲကာ ပြန်ထိုင်စေသည်။

" ခဏ အနီ ၊ ခဏထိုင်နေဦး "

ပြောလဲပြော ရေချိုးခန်းထဲ ကဗျာကယာ ပြေးဝင်သွားသည်။
ပြန်ထွက်လာတော့ လက်ထဲမှာ ရေအပြည့်ပါသော ကြွေဇလုံကြီး တစ်လုံး မ ယူလာသည်။
နောက်တစ်ကြိမ် ရေချိုးခန်းထဲ ပြန်ဝင်သွားပြန်သည်။ ခုတင်ခြေရင်းမှာ ခုံပုသေးတစ်လုံး ချကာ အလုပ်ရှုပ်နေတဲ့ တေးကို အနီ နားမလည်စွာ ကြည့်နေမိသည်။

" တေး ဘာလုပ်နေတာလဲ "

" ရပြီ ထိုင် အနီ ခုတင်ပေါ်မှာ ထိုင်လိုက် "

တေး ပြောတဲ့ အတိုင်းသာ နားမလည်စွာ ထိုင်လိုက်သည်။ နောက်တစ်ခါ ထိုကလေးမက ရေချိုးခန်းထဲ ဝင်သွားပြန်သည်။ ဒီတစ်ကြိမ်မှသာ တေး လုပ်ရပ်ကို နားလည်သလိုတော့ ရှိလာသည်။

နှင်းဆီပွင့်ဖတ်တွေ ပြန့်ကျဲနေတဲ့ ဖန်ဇလုံထဲမှာ ရေတွေအပြည့်နှင့် ။ခုတင်ပေါ်ထိုင်နေတဲ့
သူမ ခြေထောက်နား ထိုင်ချလိုက်တဲ့ ကလေးမ ။ ဘေးနားက ကြွေဇလုံကို အနားချကာ သူမခြေထောက်ကို ယူကာ ရေဇလုံထဲ ထည့်စေသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now