" တောင်ပြာတန်းက မောင့်အချစ်ကို ~
ကြင်နာပါရဲ့နဲ့ လမ်းခွဲကာ......မောင်ဖန်တီးတဲ့ အချစ်ရက်ရှည်များကို~~~ အခုမှ အလွမ်းပိုနေသလို ~~~
မောင့်အချစ်ဆုံးက မင်းတစ်ယောက်တည်းကို ~~
ဒီအချိန်မှာ အသည်းက သိလိုက်တာ....ဆန္ဒလေးများ နောက်ဘဝရည်စူးကာ မဖြစ်နိုင်တော့တဲ့ အချိန်မှာ...."
ရေချိုးပြီးစ အခန်းထဲက ထွက်လာတော့ အောက်ထပ်က ဖွင့်ထားတဲ့ သီချင်းသံ ကြားရသည်။မီးတွေက အိမ်ရဲ့အခန်းတိုင်းမှာ လင်းထိန်နေသည်။ တေးကို ရှာကြည့်တော့ အိမ်ရှေ့မှာ စားပွဲခင်းပြီး စာအုပ်ထူထူ ကြီးတစ်အုပ်ကို စူးစိုက်ကြည့်နေသည်။ ဘေးမှာလည်း အိမ်ပေါ်က ကတ်ဆတ်ကြီးယူပြီး သီချင်းဖွင့်ထားသေးရဲ့။
" တေး သီချင်းလည်း ဖွင့်ထားသေး စာအုပ်လည်း ကြည့်နေသေးတယ် "
" မမြူမှုန်လေ အပျင်းကြီးပြီး တေးကို စရင်းတွေစစ်ခိုင်းတယ် ၊ လာတုန်လေး တေးကို ခိုင်းတော့တာပဲ "
စာအုပ်ကြီးပိတ်ကာ စာပွဲပေါ်တင်ပြီး ကတ်ဆက်ကို ပိတ်လိုက်သည်။
" ဟော....."
ခါးကိုဆွဲယူကာ ပေါင်ပေါ်မှာထိုင်စေတာမို့ ကမာနီ အာမေဋိတ်သံလေးထွက်သွားပြီး တေးရဲ့ နဖူးပြင်လေးကို ခပ်ဖွဖွ ရိုက်လိုက်သည်။မိနစ်တော်တော်ကြာကြာ နှစ်ယောက်သား တိတ်နေကြသည်။
" တေး ဘာဆက်လုပ်ကြမလဲဟင် "
တေးကတော့ ဘာကိုမှ စိုးရိမ်ကြောင့်ကြမှု မရှိသလို ခပ်ပေါ့ပေါ့ပဲ ပြုံးသည်။
" အိပ်ကြမယ်လေ "
" တေး စကားအကောင်း ပြောနေတာကိုကွာ "
လည်တိုင်ကို လာနမ်းရှိုက်တဲ့ တေးရဲ့ အထိတွေ့က အသည်းယားဖို့ ကောင်းလှသည်။
" လက်ထပ်ကြမယ်လေ ပြီးရင်....."
" ပြီးတော့ရော...."
ဆက်မပြောပဲ ပြုံးစိစိ လုပ်နေတဲ့ တေးကို ကမာနီ စကားထောက်ပေးလိုက်သည်။
"ရင်သွေးလေး တွေ မွေးကြမယ်လေ "
ပါးပြင်လေး ရဲတက်လာပြီး ရှက်ရမ်းရမ်းကာ နဖူးပြင်ကို ရိုက်လိုက်တဲ့ အနီ့ကို တေး အချစ်ပိုမိသည်။
![](https://img.wattpad.com/cover/306435733-288-k588995.jpg)
BẠN ĐANG ĐỌC
ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)