Part - 35

5.3K 392 13
                                    


Unicode

" ဟတ်ချိုးဘုရား.....အမလေး...ဘုရား ဘုရား..."

အခန်းထဲမှာ တေးမှ လွဲ၍ မိသားစု အကုန်ရှိသည်။ ခုတလော မာမီ ရင်ဘတ်အောင့်တာ စိပ်လာသည်။နည်းနည်းလောက် လှုပ်ရှားလိုက်ရင်တောင် မောလာသည်တဲ့။အခုလည်း နှာချေပြီး ရင်ဘတ်အောင့်လို့ထင်ပါရဲ့ လက်လေးနှစ်ဖက်နဲ့ ရင်ဘတ်လေးကို ဖိနေသည်။ကြည့်နေရင်းနဲ့ ကမာနီ ဝမ်းနည်းလာပြန်သည်။တေးက မာမီရှေ့မှာ မျက်ရည်မကျရဘူး ပြောထား၍သာ မနည်းမြိုသိပ်ထားရသည်။

" သက်သာလား မေမေ ညက အအေးပတ်သွားတာ နေမှာ ဒါကြောင့် အပြင်မှာ အကြာကြီးမနေဖို့ နီနီ ပြောတယ်လေ "

လက်ထဲက ရေဖန်ခွက်လေးကို မာမီနှုတ်ခမ်းနား တိုးပေးလိုက်တော ညာဖက်လက်လေးတစ်ဖက်နဲ့ ဖက်ခွက်ဖင်ကို အသာထိပြီး အနည်းငယ်သောက်သည်။

" နီနီ တေးရော ဒီနေ့အလုပ်နားရက် မဟုတ်ဘူးလား "

သမီးကို ရှေ့ထားပြီး တေးကို မေးနေတဲ့ မာမီ့ကို ကမာနီ အပြစ်မတင်ရက်။မကျေနပ်ဟန်လေးသာ တမင်မူပိုပို ဆောင်လိုက်သည်။

" လာပါလိမ့်မယ် မေမေရယ် မေမေ့သမီးက မေမေ့ကို မတွေ့ရဘဲ မနေပါဘူး "

မာမီ့မျက်နှာက ကြည်လင်တဲ့ အပြုံးလေးကို မြင်ရမှ အန်တီမော်က အခန်းထဲက ထွက်သွားသည်။မာမီက လှဲနေချင်သည်ဆို၍ တရားလေးတစ်ပုဒ်ကို ဖွင့်ပေးပြီး စိတ်ချစွာ ထွက်လာခဲ့တော့သည်။

တစ်နေ့လုံး မာမီရော သူမရော မျှော်နေပေမဲ့ တေးကတော့ ပေါ်မလာ။နောက်နေ့မနက်ဘက်လည်း မာမီက အိမ်ရှေ့မှာ လမ်းလျှောက်ရင်း အလုပ်မသွားခင်လေး ပေါ်လာမလားဆိုပြီး မျှော်နေလေရဲ့။ဖုန်းဆက်ပေးရမလား ဆိုတော့လည်း မဟုတ်ပြန်။ အရေးကြီးတဲ့ အလုပ်ကိစ္စများ ရှိရင် သူ့ကြောင့်အနှောင့်အယှက် ဖြစ်သွားမှာစိုးလို့တဲ့။  မာမီက လူတစ်ယောက်ကို မခင်ရင်လည်း ခပ်စိမ်းစိမ်း သဘောကျပြီဆိုလည်း သိပ်သံယောဇဥ်တွယ်တတ်တာ။ ခုနေများ မတွေးကောင်း မတောကောင်း မာမီ တစ်စုံတစ်ခုခု ဖြစ်သွားရင်တောင် ​မာမီ့စိတ်ဝိညာဥ်က တေးဆီများ ရောက်သွားမလား။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Opowieści tętniące życiem. Odkryj je teraz