Part - 12

5.5K 432 4
                                    


ရင်ခွင်ထဲက မိန်းကလေးရဲ့ နဖူးထက်မှာ နူးညံ့တဲ့  အနမ်းတစ်ပွင့်ကိုတော့ ဒီတစ်ခါ စိတ်သန့်သန့်နဲ့ ပေးနိုင်ခဲ့ပြီ ။
စာအုပ်စင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်တော့ အနီက သူမရင်ခွင်ထဲကို တိုးဝှေ့ဝင်လာသည်။

" တို့ကြောင့် အနီ့ကလေးမကို ပင်ပမ်းစေမိပြီ"

အနီ့ နဖူးလေးပေါ် နောက်တစ်ကြိမ် အနမ်းတစ်ပွင့်ခြွေမိသည်။

" မဟုတ်တာ ၊ စိတ်ဒုက္ခတွေ ဆိုရင်တောင် အနီပေးတာမို့ ပျော်ပျော်ကြီးနဲ့ကို ခံယူဦးမှာ "

အနီက ကျေနပ်စွာပြုံးနေပြန်သည်။ ဒီနေ့တော့ အနီရဲ့ မျက်ရည်တွေရော အပြုံးတွေပါ မြက်တွေ့ခဲ့ရပြီ ။

" တေးသွားသွင် "

အနီက နာမည်တစ်ခုကို ခေါ်တာမျိုး မဟုတ်ဘဲ သဘောကျတဲ့ အရာတစ်ခုကို  တီးတိုးရေရွတ်သလို လေးပင်စွာ ရွတ်ဆိုလာသည်။ ​သဘောကျသည်ထင်ရဲ့ ရယ်သံလေးလည်း ထွက်လာသည်။

" မင်း တို့ကို တကယ်ချစ်တာရော ဟုတ်လား "

ရင်ခွင်ထဲမှာ မှီနေရာမှ ခေါင်းထောင်လာပြီး  ရုတ်တရက်ဆိုသလို အလန့်တကြား မှုန်သုန်စွာ မေးလာသည်။

" အွန်း "

" ဟော ချစ်သူတော်တာမှ မိနစ်ပိုင်းပဲ ရှိသေးတယ် ဖြေပုံဖြေနည်းက ဘယ်လိုကြီးလဲ "

အနီ ရဲ့ ဆူအောင့်အောင့် စကားသံကြောင့် တေးသွား အော်ရယ်မိသည်။

" ဟော ရည်စားလုပ်ပေးတာမှ မိနစ်ပိုင်းပဲ ရှိသေးတယ် အရစ်ခံနေရပြီ "

" ဟောကြည့် ဒီမိန်းမရဲ့ အချစ်ကိုလည်း ရရော လေသံက ချက်ချင်းပြောင်းတာပဲ ၊ဟွန့် အဲ့ဒါကြောင့် အဖွားက သုံးနှစ်သုံးမိုး စောင့်ခိုင်းလို့ ပြောတာပေါ့ "

ကလေးတစ်ယောက်လို ဆူအောင့်အောင့် ပြောနေတဲ့ ဒီအမျိုးသမီးကို ချစ်မိရင်းကို ထပ်ချစ်နေမိတော့သည်။ အူတွေ အသည်းတွေ မက အသွေးအသားတွေပါ ယားလာတာမို့ အနီ့ကို တစ်ကိုယ်လုံး သိမ်းကျုံးပွေ့ဖက်လိုက်သည်။

" ချစ်တာပေါ့လို့ ချစ်တာပေါ့ ရင်ထဲ အသည်းထဲ အူထဲ ကျောက်ကပ်ထဲ နှလုံးသားထဲ အသွေးအသားထဲ  စိတ်ဝိညာဥ်တွေထဲကကို ချစ်တာ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now