1🖤

558 37 5
                                    

(unicode ဖြင့်ဖတ်ရန်)

ဒီနေ့ဟာ အရင်နေ့တွေထက် အတော်လေးထူခြားနေလေ၏
ကြယ်တွေလဲ အရင်နေ့တွေထက်ပို၍စုံလင်လှပနေလေသည်
လပြည့်နေ့လည်းဖြစ်သာကြောင့် လကြီးမှာ ဝိုင်းစက်နေ၍
ထိန်ထိန်သာနေပီး ထင်းနေအောင် ပေါ်နေပါသည်

မှောင်မိုက်နေသော ကောင်းကင်တစ်ခွင်လုံးမှာလည်း
လရောင် ကြယ်ရောင် တွေနဲ့ အတော်လေး လင်းလှနေသည်

သစ်ပင်များလဲ ဘယ္ညာ ယိမ်းနွဲ့ကာ လေစိမ်းများ အတော်ပင် တိုက်ခတ်နေလေသည်။
ထိုလေစိမ်းများတစ်ချက်ဝှေ့လိုက်ရင် ခေါင်းမှာရှိတဲ့ ဆံပင်မွှေးများထောင်သွားသကဲ့သို အေးစိမ့်နေလှ၏။
လေသံများလည်းကြားနေရသည်

ထိုလေသံများနှင့်အတူ တောတွင်းရှိ ဝံပုလွေ မ်ားလဲ အဆက်မပြက် အူနေကြတော့သည်
မနီးမဝေးကလာသည့် အသံဖြစ်၍ ထိုအသံမွာ ခပ်တိုးတိုးသာကြားရလေ၏။

အတော်လေးထူခြားပီးစိတ်ခြောက်ခြားဖွယ်ကောင်းတဲ့
ဲ့နေ့လေးတစ်နေ့ဆိုလဲမမှားပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~
လူနေကြဲလွန်းသော ရွာငယ်လေး တစ်ရွာပေါ့
အိမ်ခြေကြဲလွန်း၍ တစ်အိမ်နဲ့တစ်အိမ် အတော်လှမ်း၏

ခြံဝင်းတွေကလဲ အတော်ကျယ်လှသည်
ခြံစည်းရိုးတွေမှာမူ ဝါးခြမ်းတွေကို ခပ်ကြဲကြဲ ခတ္ထား၏
ရွာငယ်လေး တစ်ရွာလုံးကလည်း စိုက်ခင်းအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်း ပြုကြသည်။

အိမ်တိုင်းတွင် ကိုယ်ပိုင်စိုက်ခင်းများ ရှိကြ၏
စိုက်ခင်းတစ်ခင်းမှာလဲ အတော်လေး ကျယ်ဝန်းလှသည်
အသီးအရွက်များပေါ်ချိန်တွင် ရွာကလူများ မြို့တက်ပြီး
အသီးအရွက်များ ဆိုင်မှာသွားသွင်းလေ့ရှိသည်။

မြို့နဲ့ အလွန်ဝေးသောကြောင်း မြို့ကလူများ ရွာမှာလာရောက်ဝယ်ယူခြင်းမရှိကြပါ
ထို့ကြောင့် ရွာကလူများက မြို့တက်ရောင်းရခြင်းဖြစ်သည်။

အလွန်ခေါင်တဲ့ရွာလေးဖြစ်သောကြောင့် ခရီးသွားများလည်းလာရောက်ခြင်းနည်းပါးပါတယ်
လူနေသာနည်းပါးတာ ရွာလေးက အလွန်စိုပြေသာယာလှပပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
ထို စိုပြေသာယာလှပသော ရွာငယ်လေးမှာ
ထူးခြားခြောက်ခြား ဖွယ်ရာ ညလေးတစ်ညဖြစ်ခဲ့တာပေါ့
လေသံတွေနဲ့ ဝံပုလွေအသံတွေပေါ့...
ထိုညရဲ့ ရွာငယ်လေး ရဲ့ အိမ်တစ်အိမ်မှာ သန်းခေါင်ယံအချိန်ကြီး လူများစုဝေးနေရဲ့ စကားသံများနဲ့လည်းဆူညံနေလေ၏

WOLFحيث تعيش القصص. اكتشف الآن